{10} ဒုတိယ အနမ်း

4.6K 357 10
                                    

Unicode ver

Gashina

Episode - 10

လွန်ခဲ့သော လအနည်းငယ်ခန့်ကတည်းကဖြစ်လေသည်။

CCTV က ပုံရိပ်တွေကို ပြန်ကြည့်ရင်း
Jennie စိတ်တွေ ဇဝေဇဝါဖြစ်လို့နေလေသည်။

+Kim JiSoo ဆိုတဲ့အဲ့တစ်ယောက်က ဘာသဘောလဲ
သူ အမြဲ Jennie ကို လိုက်ကြည့်နေတာလား??
မိမိအရှေ့ဆိုရင် နည်းနည်းဖာသိဖာသာနိုင်ပေမဲ့
ကွယ်ရာရောက်ရင် ဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ
ဒါပေမဲ့လဲ သူ့ပုံစံက တခြားလူတွေဆိုရင်လဲ
အဲ့လိုပဲကြည့်နေတာပဲလေ....

သူ့အကြည့်တွေကိုက အသက်ပါလွန်းနေတာ။

Chaeng တို့ကိုလဲ အမြဲဂရုစိုက်ပြီး စနောက်နေတာပဲ....

မိမိတစ်ယောက်တည်းကိုပဲ အဲ့လိုလုပ်နေတာမှမဟုတ်တာ
ဒါပေမဲ့ ခံစားမှုက ထူးဆန်းနေသည်။
သူ့အကြည့်တွေ အပြောအဆိုတွေက တခြားလူတွေအတွက် သိပ်မထူးဆန်းပေမဲ့ မိမိအတွက်တော့
ထူးဆန်းတဲ့ ခံစားမှုကိုရနေလေသည်....
မဟုတ်မှ ....သူ....ငါ့ကို.....
မဖြစ်နိုင်တာ....မဟုတ်လောက်ပါဘူး.....

ငါမှာ Boyfriendရှိနေတာကို သူသိနေတာပဲ??

သူက ငါ့အပေါ်ဂရုစိုက်လွန်းနေလို့များလား....

Chaeng တို့ Lisa တို့အပေါ်လဲသူ ဂရုစိုက်တာပဲ
ငါ့တစ်ယောက်တည်းကိုပဲကွက်ပြီး ဂရုစိုက်ပေးနေတာမှမဟုတ်တာ....

ဒါပေမဲ့လဲ....သူ့အကြည့်တွေက သိပ်ကိုစူးရှလွန်းနေတာပဲလား။

ငါ...ဒီခံစားမှုကိုသိနေတယ်

ဒါမိန်းကလေးတွေရဲ့ မွေးရာပါခံစားမှုတွေလေ
တစ်ယောက်ယောက်က ကိုယ့်အပေါ် မရိုးသားတာ
တစ်ယောက်ယောက်က ကိုယ့်အပေါ်စိတ်ဝင်စားနေတာမျိုးဆိုရင်
အလိုလိုသိနေတဲ့ခံစားမှုမျိုး....

သူနဲ့တွေ့တိုင်းအဲ့လိုခံစားနေရတာ....

လေးယောက်သား အခုဆိုရင် တတွဲတွဲနဲ့ သွားအတူ
စားအတူ....အရင်ကထက်ပိုပြီးရင်းနှီးစွာ နေမိခဲ့ကြသည်။

ကိုရီးယားအစားအသောက်တွေကို အကြိုက်တူကြတာကြောင့်
မကြာခန တစ်ယောက်အိမ်တစ်ယောက်လိုက်ပြီး
စုစားကြရင်း...
ငယ်သူငယ်ချင်းတွေလိုပေါင်းမိနေခဲ့ကြသည်။

GASHINA (Completed )Donde viven las historias. Descúbrelo ahora