4. Zawgyi

1.8K 106 5
                                    

"""ကံကြမ္မာက စီစဉ်ပြီးသား"""

၅နှစ်ကြာပြီးနောက်မှာ ရီရှီး ပြန်လာခဲ့သည်။ အဲ့၅နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကျင်းရှောင်ကျူက တခြားမိန်းမ ထပ်မရှာခဲ့ဘူး။ ရီရှီးကို တွေ့လိုက်တဲ့အခါမှာတော့ သူက သူမကို ပြန်ရဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူ့ကို အမြဲ စိတ်တိုအောင်ဆွတတ်တဲ့ မိန်းမကို သူ့ဘေးနားမှာ ထာဝရသိမ်းထားဖို့ပေါ့။

အဲ့မုန်းဖို့ကောင်းတဲ့မိန်းမက သူ့ရဲ့နှလုံးသားကို ခိုးယူပြီး သဲလွန်စလေးတောင် မချန်ဘဲ ပျောက်သွားတာလေ။

ပြီးတော့လဲ သူမက သူ့ကလေးရဲ့ အမေဖြစ်တယ်။ ဒါကြောင့် သူမကို လိုက်တဲ့အခါတိုင်း ကလေးကို ခေါ်ခေါ်သွားတတ်သည်။ အဲ့အချိန်မှာ ကျင်းရှောင်ကျူက အရည်အချင်းရှိတဲ့ မက်လောက်စရာ လမ်းပေါက်ကြီး ဖြစ်နေပြီ။ မိန်းမတိုင်းက ကျင်းရှောင်ကျူရဲ့ အိပ်ရာပေါ် တတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ ရီရှီးက သူ့ကို ကပ်ဆိုးကြီးလို့ ရှောင်နေတာဖြစ်တယ်။ ထိုသူ့ကို ချစ်တာထက် လွန်ခဲ့တဲ့ ၅နှစ်က သူမ ရခဲ့တဲ့ အတွေ့အကြုံတွေက သူ့အပေါ် ကြောက်တာနဲ့ မုန်းတာပဲ ဖြစ်စေတယ်။

တချို့အကြောင်းကြောင့် နောက်ဆုံးမှာ သူတို့၂ယောက်ဟာ အတူတူရှိသွားကြသည်။ သူတို့ကလေးဘဝက အကြောင်းတွေ ပြောဖြစ်တဲ့အခါမှာ၊ ရီရှီက သူမငယ်ငယ်တုန်းက ကောင်လေးတစ်ယောက်နဲ့ ကြုံခဲ့တဲ့အကြောင်း ပြောပြတယ်။

အဲ့ကောင်လေးက ပြန်ပေးဆွဲခံရတာဖြစ်တယ်။ သူမက ပြန်ပေးဆွဲသူရဲ့ မျက်နှာကို မြင်လိုက်တာကြောင့် သူမကော ပြန်ပေးဆွဲခံရတဲ့ထဲ ပါသွားတယ်။ သူတို့ အချင်းချင်းတယောက်နဲ့တယောက် ကူညီရင်း လှည့်ကွက်တွေနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။ သူတို့ လက်တွေတွဲထားရင်း အချိန်အကြာကြီး ပြေးလာခဲ့ကြတယ်။

အဲ့အကြောင်းကို ပြောလိုက်တဲ့အခါ ကျင်းရှောင်ကျူက ရီရှီးကို သူ့လက်မောင်းထဲ ဆွဲသွင်းရင်း သက်ပြင်းချလိုက်သည်။
"ကောင်းတယ်။ သူ အခုထိ မင်းကို လက်မလွတ်ခဲ့ဘူး။"

သူတို့ကို ကံကြမ္မာက စီစဉ်ထားပေးပြီးသားပဲ။

ဇာတ်ကြောင်းကို လက်ခံပြီးနောက်မှာ နဉ်ရူ သွေးတောင် အန်တော့မလိုပဲ။ ပထမဆုံး မေးစရာရှိတာက ပြန်ပေးဆွဲသမားက ဘယ်လိုများ ကလေး၂ယောက်ကို သေချာမချုပ်ထားနိုင်ရတာလဲ?  သူတို့ငယ်ငယ်က အကြောင်းအရာက သူတို့ရဲ့ ဂုဏ်သတင်းကို ပိုကောင်းဖို့ အထောက်အပံ့သာ ဖြစ်လာသည်။

သူတို့အချစ်က ကြိုတင်သတ်မှတ်ပြီးသားပဲ။ ဒါကြောင့် ရီရှီးက အပျော်မယား (mistress) မဟုတ်ဘူး။

နဉ်ရူ အခုတော့ နီကျင်းရဲ့ ဒေါသကို လုံးဝ နားလည်သွားပြီ။

နဉ်ရူ ဆိုဖာပေါ်  (ခြေတင်ပျဉ်ခွေ) ထိုင်လိုက်ပြီး တိတ်တိတ်လေး တရားထိုင်လိုက်သည်။ သူမက အမြဲတမ်း ရင်ဘတ်ကို တအားဖိထားပြီး ခဏခဏ မေ့လဲကျနေတာ။ အဲ့ဒါက သူမ task ကို ပြီးအောင်လုပ်ရမှာ အဆင်မပြေနိုင်ဘူးလေ။

ဘယ်လိုပဲဖြစ်ဖြစ် အခုရောက်နေတဲ့ခေတ်မှာ စိတ်စွမ်းအင်က အရမ်းကို နည်းလွန်းပြီး သူမရဲ့ခန္ဓာကိုယ်ကြောင့်လဲ ကျင့်ကြံရာမှာ သိပ်သက်ရောက်မှု့မရှိဘူး။

နဉ်ရူမှာ ရွေးစရာမရှိတော့ ထပ်ပြီးသာ ဖြေးဖြေးချင်း ထပ်ကျင့်ကြံနေလိုက်တော့သည်။

ဒေါက် ဒေါက်

ကျင့်ကြံနေတဲ့ နဉ်ရူက တံခါးခေါက်သံက အနှောက်အယှက်ဖြစ်သွားသည်။ သူမ ချက်ချင်းကို လှဲချပြီး စောင်ခြုံလိုက်သည်။

တံခါးခေါက်သံ အပြီးမှာတော့ တံခါးက တိတ်တိတ်လေး ပွင့်လာသည်။

"ကျင်းကျင်း၊ ထတော့လေ"
ကျင်းရှောင်ကျူက အိပ်ရာဆီ လျောက်လာပြီး နဉ်ရူရဲ့ နဖူးကို ထိလိုက်သည်။ နဉ်ရူ မျက်လုံးကို ဖွင့်လိုက်ပြီး သူ့လက်ကို ရှောင်လိုက်ရင်း ထထိုင်လိုက်သည်။ "ဘာလဲ?"

ကျင်းရှောင်ကျူ ပြုံးလိုက်တယ်။ သူက လောလောဆယ် Suit ဝတ်ထားပြီး အဲ့ဒါက သူ့ကို ပိုရှည်တယ်လို့ ထင်ရတယ်။ အဖြူရောင် အင်္ကျီလက်အနားက သူ့ကို ပိုပြီး ရည်မွန်တဲ့ပုံ ပေါက်စေတယ်။

သူက နဉ်ရူကို နွေးထွေးတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ပြီး ပြောလိုက်သည်။ " အခုထပြီး ထမင်းစားရမယ့်အချိန်ရောက်ပြီလေ၊ အပျင်းမလေးရေ"

နဉ်ရူ သူမရဲ့နူတ်ခမ်းကို အပြုံးလေးချိတ်ဆွဲရင်း ထဖို့ စောင်ကို ဖယ်လိုက်သည်။

< ML က အစက နီကျင်းကို အရမ်းတန်ဖိုးထားပြီး တော်တော်ချစ်ပြလွန်းလို့ FMLကတောင် မနာလိုရပါတယ်။ ကြားဖူးသလိုပေါ့ ။ ဘယ်လောက်ချစ်ချစ် နောက်ဆုံးတော့ ပျက်မှာပဲ 😂😂😂>

<<< 23.12.2020 >>>

MUAMM: သစ္စာမရှိတဲ့ အချစ်တတ်ဆုံး အိမ်ထောင်သည်​ယောကျ်ား(Myanmar Translation)Where stories live. Discover now