20. Unicode

2.1K 286 16
                                    

"""Ambitious Goal"""

နဉ်ရူက ရီရှီးရဲ့ လွန်ဆွဲခြင်းနှင့် မသက်မသာဖြစ်နေတဲ့ အမူအရာကို ရှု့စားခဲ့သည်။ ရီရှီးက သူမ မှားယွင်းတဲ့ ကိစ္စ လုပ်နေတယ်ဆိုတာကို သေချာကြီးသိရဲ့သားနဲ့  သူမကတော့ အဲ့လို ချစ်ခြင်းနဲ့ အလိုဆန္ဒတွေကို စွဲလန်းနေတုန်း ဖြစ်သည်။

နောက်ပိုင်း နီကျင်း သေသွားတော့၊ ရီရှီးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု့တွေကို ခဝါချပြီး ကျင်းရှောင်ကျူနဲ့  အတူနေခဲ့တာ ဖြစ်သည်။

ဒါ့အပြင်၊ ကလေးအတွက် ပျော်ရွင်စရာမိသားစုကို ပေးဖို့ပါတဲ့။

"ဟုတ်ပြီ။ နောက်ထပ် ၂လလောက် စောင့်ကြည့်ရအောင်။" လို့ ကျင်းရှောင်ကျူရဲ့ အမေက ပြောခဲ့သည်။ "ရီရှီးကို ပြင်ဆင်ဖို့ နောက်ထပ် အချိန်၂လ ပေးလိုက်ရအောင်။"

နဉ်ရူ မပြောတော့ဘူး။ ကျင်းရှောင်ကျူရဲ့ အမေက ရီရှီးကို သဘာဝအတိုင်း (နှီးနှောပြီး) သန္ဓေတည်စေနိုင်ဖို့ အကုန်လုံးကို လုပ်နေတာကိုပေါ့။

နဉ်ရူက သူမရဲ့ ယောက္ခမကြီး အခု နည်းနည်း စိတ်မရှည်နေတာကို ခံစားမိသည်။ ပြီးတော့ သူမက ရီရှီးကိုတောင် စိတ်တိုနေပြီ ဖြစ်သည်။

ရီရှီးက ပိုပြီး မသက်မသာ ခံစားခဲ့သည်။ သူမက ကျင်းရှောင်ကျူရဲ့ အမေက စိတ်တိုပြီး သူမရဲ့ ရင်းနှီးမြုပ်နှံ့မှု့တွေကို ပြန်ထုတ်သွားမှာကို ကြောက်နေသည်။

နဉ်ရူ ပြုံးခဲ့သည်။ သူတို့က ရီရှီးက ကိုယ်ဝန်ရစေချင်တောင်မှ၊ ကိစ္စတွေက သူတို့တွေမှာ အဲ့လိုရနိုင်စွမ်းရှိ မရှိအပေါ်မှာ မူတည်နေတုန်းပဲလေ။

ရီရှီးကတော့ အခုချက်ချင်းကို ကိုယ်ဝန်ရချင်နေပြီ။ အဲ့ညမှာ ကျင်းရှောင်ကျူက သူမရဲ့ အခန်းထဲဝင်လာချိန်မှာ သူမက အရမ်းကို တတ်ကြွနေခဲ့သည်။ ကျင်းရှောင်ကျူကတော့ အရင်တုန်းကထက်ကို ပိုပြီးတော့ သာယာမှု့ကို ခံစားခဲ့ရသည်။

သူ့ရဲ့ စိတ်ဝိညာဉ်ကတောင်မှ အဲ့ဒီ သာယာမှု့ကနေ တဆင့် လူပ်ခါသွားခဲ့သည်။

သူတို့ ပြီးမြောက်သွားချိန်တိုင်းမှာ ရီရှီးက သူမရဲ့ တင်ပါးကို ပင့်မြှောက်ခဲ့သည်။

MUAMM: သစ္စာမရှိတဲ့ အချစ်တတ်ဆုံး အိမ်ထောင်သည်​ယောကျ်ား(Myanmar Translation)Wo Geschichten leben. Entdecke jetzt