1. Zawgyi

3.9K 173 11
                                    

Chapter:1244
"""ဘာလို့ သူ့အကြောင်းကို သိချင်ရတာလဲ?"""

နဉ်ရူ သူ့မကိုယ်ကို ဖြတ်ရိုက်လိုက်သလို ခံစားရတယ်။ သူမ ဘာကို တောင်းဆိုခဲ့တာလဲ? အမှတ်ပေါင်း သန်း ၂၀ ဆိုတဲ့ အသံက သူမ နှလုံးကို ရပ်သွားစေသည်။

"ဘာလို့ အဲ့ဒါက အမှတ်အများကြီး ယူရတာလဲ"
အလယ်အလတ်(intermediate task-taker) ဖြစ်ဖို့အတွက် အမှတ်ပေါင်း ၃သန်းပဲလိုတာလေ။ ဘာကြောင့် အဆင့်မြင့်( advanced task-taker) ဖြစ်လာဖို့ ဒီလောက်အမှတ်အများကြီး လိုရတာလဲ ?? ၃သန်းကနေ သန်း၂၀ဆို ဘယ်နှဆတောင်တုန်း ??? အဲ့ဒါ ၆ဆကြီးတောင်မှ !!!

မသိတာမှ ပိုတောင်ကောင်းလိမ့်ဦးမယ်။ 🙁

"အဲ့လောက်အမှတ်တွေ အများကြီးဆို အချိန်ဘဉ်လောက်လိုမှာလဲ?" နဉ်ရူ အသက်ရှင်ဖို့ရာ ဘာမှမကျန်သလို ခံစားလိုက်ရသည်။

"ဘယ်သူ သိမှာလဲ?"

နဉ်ရူ ပြောစရာစကား ပျောက်ရှသွားတယ်။ အဲ့ဟာ ဘာဖြစ်နေတာလဲ ?

ထားလိုက်တော့. သူမ တဆင့်ချင်း တဆင့်သွားရုံပဲပေါ့။ အကယ်၍ သန်း ၂၀ဆိုလဲ သန်း၂၀ ရှာရမှာပေါ့။ နဉ်ရူ ဆိုဖာပေါ်  (ခြေတင်ပျဉ်ခွေ) ထိုင်လိုက်ပြီး တိတ်တိတ်လေး တရားထိုင်လိုက်သည်။

<အဲ့မှာရေးထားတာကတော့ she silently chanted the Unsurpassable Martial Arts ဒါမယ့် လွယ်လွယ် တရားထိုင်တယ်လို့ပဲ သုံးလိုက်မယ်နော်။ နောက်ပိုင်း အဲ့ဟာ ခဏခဏပါလာမှာမို့။>


သူမ ကျင့်စဉ်ပြီးသွားတာနဲ့  စာအုပ်စဉ်ကနေပြီး စာအုပ်တစ်ခုယူပြီး ဖြည်းဖြည်းချင်း လှန်လှောလိုက်သည်။
တခုခုက သူ့မဆီ ပေါ်လာတော့ သူမရပ်လိုက်ပြီး system 233 ကိုမေးလိုက်သည်။ "ဒီ task ရဲ့ အစောပိုင်းတုန်းက ငါတွေ့(ကြုံ)ခဲ့ သူကို နင်သိလား? သူ့နာမည်က ဘာတဲ့လဲ? သူက ဘယ်သူလဲ? ပြီးတော့ သူက ဘယ်လိုလုပ် task-takers တွေကို ရှင်းထုတ်နိုင်တာလဲ??"
<ဒီမှာ ဖတ်ခဲ့သလောက်ထင်တာတော့ Arc 1 က ဆရာဝန်ဦးဦးကို ပြောတယ်ထင်တာပဲ>

233: " နင် ဘာတွေ မေးနေတာတုန်း? ငါလဲ သူ ဘယ်သူဆိုတာ မသိဘူး။ နင် သူ့ အကြောင်းတွေ
ဘာတွေ ရှာတွေ့ဖို့ ကြိုးစားနေတာလဲ?"

MUAMM: သစ္စာမရှိတဲ့ အချစ်တတ်ဆုံး အိမ်ထောင်သည်​ယောကျ်ား(Myanmar Translation)حيث تعيش القصص. اكتشف الآن