အပိုင်း ၁၁ Zawgyi

462 29 1
                                    

ပြိုင်ပွဲကျင်းပသည့် ခန်းမ၏ အပြင်တွင် စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ထိုင်စောင့်နေသူဆို၍ ပိုက်ထွေးတစ်ယောက်သာရှိ၏။ တစ်ခြားသော ဆရာဆရာမများနှင့် မိဘများကတော့ ခန်းမ၏ မနီးမဝေးရှိ ကော်ဖီဆိုင်တွင် ထိုင်ကာ စကားဝိုင်းဖွဲ့ပြောဆိုနေကြလေ၏။ အပူအပင်ဟူသည်မရှိပေမဲ့ တစ်ယောက်ထက်တစ်ယောက် သူ့ထက်ငါအပြိုင် မည်သူကပို၍တော်သည်ဟု ပြိုင်နေကြမှန်း သူသိနေပါသည်။

အချိန်ကစေ့နေချေပြီ။ တစ်ယောက်ချင်းထွက်လာကြသော ကျောင်းသားကျောင်းသူများ၏ နောက်ဆုံးမှ ကလေးတစ်ယောက်နှင့်အတူ ထွက်လာသည့်လွမ်းပို။

လွမ်းပိုနှင့်ထိုကလေးက ရင်းရင်းနှီးနှီးစကားပြောလာကြ၍ သူတောင်အနည်းငယ်အံ့အားသင့်ရလေသည်။ လွမ်းပိုဆိုသည်မှာ မိခင်ကလွဲရင် ပြုံးပြဖို့တောင် ဝန်လေးသည့် ကလေးငယ်လေးပါ။

သို့သော်လည်း ယခုတော့ ပြုံးရယ်ရုံမက ရေပက်မဝင်စကားပြောလာကြလေသည်။ သူ့အနားရောက်သည်အထိ စကားစကမပြတ်သေးပေ။

" ငါမင်းကိုနိုင်မှာ သေချာတယ် "

" ရလဒ်ကိုစောင့်ကြည့်လိုက်ပါဉီး "

" ငါဆိုတဲ့ တေဇာအိမ် .. မင်းကိုရှုံးခဲ့ရင် မင်းရှိတဲ့နေရာကို ငါလိုက်လာပေးမယ် .. တကယ်လို့ မင်းရှုံးသွားရင် ဒီမြို့မှာ ငါနဲ့အတူ ကျောင်းလာတက်ရမယ် .. ငါသွားတော့မယ် ဆလိုင်း.. လေးလေးငါ့ကိုလာကြိုနေပြီ "

သူ့ကိုခေါင်းညွတ်နှုတ်ဆက်ကာ ထွက်ခွာသွားသည့် ကောင်ငယ်လေးသည် လွမ်းပိုကိုတော့ဖြင့် သွားစွယ်ဖြူဖြူလေးများပေါ်အောင်ထိ ပြုံးပြသွားလေ၏။

" ဖြေနိုင်လား လွမ်းပို "

" .. "

ခေါင်းညိတ်ပြသည့် လွမ်းပိုအား လက်ထဲကထီးကိုဖွင့်ဆောင်းပေးကာ ညောင်ပင်ကြီးအောက် ရပ်ထားခဲ့သည့် ဆိုင်ကယ်အနား ခေါ်လာခဲ့၏။ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ထဲ ထည့်ထားသည့် အားဖြည့်အချိုရည်ကိုဖောက်ကာ လှမ်းပေးတော့ သူ့ထံပြန်ပေးလာ၏။

" ဘာလဲ "

" ဆရာအရင်သောက် "

စိတ်ပြေစေဖို့ တစ်ငုံသောက်ပြီး ပြန်ပေးကာမှ လွမ်းပိုက သောက်သည်။ စနိုးတာဝါကိုထုတ်ကာ ချွေးတို့စို့နေသည့် ဂုတ်ပိုးနှင့်အင်္ကျီကြား ထည့်ပေးတော့ ခေါင်းမော့ကြည့်လာသည်။

လွမ်းပို(Completed)Where stories live. Discover now