အပိုင်း ၄

1.5K 126 3
                                    

" လွမ်းပို "

ရှေ့ကနေ ငိုက်စိုက်ငိုက်စိုက်နဲ့သွားနေသော ကလေးငယ်က သူ့ကိုလှည့်ကြည့်လာ၏။ ထို့နောက် သူ့လက်ထဲက စာအုပ်အထပ်ကြီးမြင်တော့ ဘာမပြောညာမပြောနဲ့ ဆွဲယူလေ၏။

" မဟုတ်ဘူး ... ဆရာက သားကို စာအုပ်ကူသယ်ခိုင်းမို့ မဟုတ်ပါဘူး .."

ကလေးငယ်၏လက်ထဲက စာအုပ်အထပ်လိုက်ကြီးကို ပြန်ဆွဲယူကာ အသည်းအသန်ပြောရ၏။ သူ့လက်ထဲစာအုပ်တွေပြန်ရောက်တာနဲ့ လွမ်းပိုဟာ ချာကနဲ လှည့်ထွက်သွားချေပြီ။

" လွမ်းပို "

" ... "

ခေါင်းကလေးလည်လာသော ကလေးငယ်လေးက မျက်နှာသေနှင့်။ အရယ်အပြုံးလည်းမရှိပေ။ ထို့အပြင် အနည်းငယ်လည်း မျက်မှောင်ကြုံ့နေသလို။ နေပါဦး။ သူကပဲ ဒီကလေးကို တမင်လိုက်ရစ်နေမိပြီလား။

" မြို့နယ် စာစီစာကုံးပြိုင်ပွဲရှိတယ် .. သားပြိုင်မယ်ဆိုရင် ဆရာ့ဆီ လာစာရင်းပေးလို့ ပြောမလို့ပါ .. တခြားအသေးစိတ်သိချင်ရင် သားတို့အတန်းပိုင်ကို မေးလိုက် "

" ဆုရမှာလား "

" အင်း ရမှာပေါ့ "

" ဟုတ် "

ခေါင်းလေးညိတ်ပြကာ ချာကနဲလှည့်ထွက်သွားသည့် ကလေးငယ်ကို သူ့မှာသာအကြောင်သားကြည့်နေမိတော့သည်။ ဒီကလေးက အနည်းငယ်တော့ အရိုအသေတန်သည်။

ဆရာတစ်ယောက်ကို မကြည်သလို ကြည့်သွားခဲ့သည်လေ။ ဒီလိုတော့ မဖြစ်သင့်ဘူးမလား။

အိမ်စာထပ်ထားသောစာအုပ်တစ်ထပ်ကြီးကို အခန်းထဲသယ်လာရင်း ခုံပေါ်စာအုပ်တွေတင်ကာ လူပါဝင်ထိုင်လိုက်၏။ အနည်းငယ် အသံကျယ်သွား၍ထင်သည်။ အခန်းတွင်းမှ ဆရာဆရာမများက သူ့ထံလှည့်ကြည့်လာ၏။

" ... "

တောင်းပန်ပြုံးလေးပြုံးပြကာ ခေါင်းလေးညိတ်ပြရင်း အိမ်စာစာအုပ်တွေသာ အမှတ်တိုက်ဖို့ ပြန်ကြည့်လိုက်ပါတော့သည်။ ထို့နောက် ဆရာပိုက်ထွေးတစ်ယောက် မကြာသေးခင်က ဖြစ်ခဲ့သည့် မကျေမလည်မှုများကို မေ့သွားလေတော့၏။

ထည့်ယူလာသည့်ထမင်းဘူးကလေးကို ဖွင့်တော့ မနက်ကအချိန်မရ၍ ညကကျန်သည့် ခရမ်းသီးနှပ်ကလေးကို ထည့်ယူလာမိသည်မှာ တကယ်ကိုငါးပါးမှောက်ချေသည်။

လွမ်းပို(Completed)Where stories live. Discover now