ရှောင်းကျန့်လည်း သူမနက်စာပြင်ဆင်ပြီးနေတာတောင် မျက်နှာသစ်လို့ မပြီးနိုင်သေးတဲ့ သားအဖရှိရာကို သွားရပြန်သည်
တကယ်ပါပဲ ဒီနေ့ ဝမ်မားက လာလည်ဖို့ပြောထားတာ ရုံးပိတ်ရက်မို့
ကောကောတို့ မိသားစုလည်း ရှိမှာတဲ့
ဒါကို ရိပေါ်လေးက မေ့နေတာလားပဲရှောင်းကျန့် သားငယ်ရဲ့ အခန်းတံခါးကို ဖွင့်ဖွင့်ခြင်းတွေ့ လိုက်ရတဲ့ မြင်ကွင်းကြောင့် သွေးပင်တက်ချင် သွားသလို
ဖွထားလိုက်တဲ့ အဝတ်တွေ သူတို့ မသိမ်းရတိုင်း"အဲ့တာ ဘာလုပ်နေတာလဲ ရိပေါ် ရိကျန့်"
ကိုယ့်ကိုယ်မြင်မှ လန့်ရကောင်းမှန်း သိပြီး နှစ်ယောက်သား ငြိမ်ကုပ်သွားလိုက်ကြတာ
"ပါးပါး အဲ့တာကလေ daddy ပေါ့ သားသားက အဖြူရောင်လေး ဝတ်ချင်တာပါဆို daddy က အစိမ်းရောင်ပဲ ဝတ်တဲ့ "
"ဟုတ်လား ရိပေါ် ဘာလို့ သားသားနဲ့အပြိုင် ဆိုးချင်ရတာလဲ "
သားငယ် ဦးအောင် တိုင်တော့ ရိပေါ်ကိုပဲ ဆူရတာပေါ့
ဒါကို စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာလေးနဲ့"ရိကျန့်လေးက တအားဆော့တော့ အဖြူရောင် ဝတ်ပြီး အရမ်းပေနေရင် ကိုယ့်ခင်ပွန်းလေး ပင်ပန်းမှာ ဆိုးလို့ပါ "
ဒီလိုဆိုတော့လည်း ရှောင်းကျန့် နှလုံးသားလေးက လက်ခံပေးမိပြန်ပြီ
"အခု ရော ဘာဝတ်မှာလဲ ရွေးပြီးပြီလား
မားတို့ အိမ်သွားရအုံးမှာနော်""ဟုတ် ရွေးပြီးပြီ ပါးပါးကြိုက်တဲ့ အနီရောင်လေးပဲ ဝတ်တော့မို့ daddyက လည်း သဘောတူတယ် "
အဆုံးသတ်ကျတော့ ဒါပါပဲ
အစမှာတော့ သူတို့အကြိုက်လုကြတယ်
နောက်ဆုံးကျရင်တော့ ကိုယ့်အကြိုက်နဲ့ပဲ အဆုံးသတ်မြဲ"ရိပေါ် သားသားကို အကျီမြန်မြန်လဲပေးလိုက်နော်
ကောလည်း အဝတ်အစားသွားလဲ လိုက်အုံး မယ်
ရိပေါ်လေးကတော့ မလဲလည်းချောပြီသား "ဒီတစ်ခါတော့ ဝမ်သားအဖ နှစ်ယောက်ရဲ့ အကြည့်တွေက ရှောင်းကျန့်လေးအပေါ် ဒိုင်းကနဲ
YOU ARE READING
Daddy & Papa S3{Completed}
FanfictionDaddy ကလေ papa ရဲ့ အချစ်တွေအားလုံးကို တစ်ယောက်တည်းလိုချင်နေတာသိလား သားသားကို papaက မွ မွ ပေးရင်တောင် မနာလိုနေတာ အဲ့တော့ သားသားကလည်း daddyကို ပါးပါးနဲ့ ခနခန တိုင်ပြောရတာပေါ့ သားသားတော်တယ်မလား