Part 7

4.9K 442 24
                                    

တစ်လမ်းလုံး စကားမပြောပဲ ဆန္ဒပြနေတဲ့ ပေါက်စလေး companyပြန်ရောက်တဲ့ အထိ ဆန္ဒပြနေဆဲ
ပေါက်စလေးကနေနိုင်ပေမယ့် မနေနိုင်သူက ရိပေါ် ချစ်ရသူရဲ့ အသံလေးချိုချိုလေး
မကြားရရင် စားမဝင်အိပ်မ​ပျော် သူမို့
ပေါက်စလေးရဲ့ ဆန္ဒအတိုင်း
​မျမ်မျမ်ဆိုတဲ့ မိန်းကလေးနဲ့ ထပ်တွေ့လို့ရအောင် စီစဥ်ပေးပါ့မယ်ဆိုမှ
ကိုယ့်ကိုယ် ပြန်ပြီး အဖက်လုပ်တဲ့ အဆိုးလေး ရဲ့ပါးပါး အဆိုးကြီး

"ရိပေါ် သားသားရော ဘယ်ရောက် သွားတာလည်း"

အစောက သားသားသူ့ရှေ့မှာတင် အခန်းပြင်ထွက်သွားတာ မြင်ပါရဲ့
ဆန္ဒပြနေဆဲမို့ မမေးပဲ မြိုသိပ်ထားရတာ

"သားသားက အတွင်းရေးမှူးနဲ့ ရေခဲမုန့်သွားဝယ်တယ် သူ့ပါးပါးကို ချော့ဖို့တဲ့ "

"အော်..."
ပါးပါးကြောင့် သားသား​ပါ အလုပ်ရှုပ်ရပြီ
စိတ်ဆိုးချင်တာ ရိပေါ်တစ်ယောက်တည်းကိုဆိုပေမယ့်
နှစ်ယောက်လုံးက ကိုယ့်ပစ်မှတ်ထဲပါလာတော့လည်း မတတ်နိုင်

"ရိပေါ်နော် မျမ်မျမ်ဆိုတာ ကောအတ​ွက် ဘယ်လိုလူလဲဆိုတာ မသိတာလည်းမဟုတ်ဘူး ​ဘာလဲ ရိပေါ်က ကောကို မယုံကြည်တာလား "

ရှောင်းကျန့်လေးက ရိပေါ်ကို စိတ်ဆိုးတော့မပြချင်သေး
မျမ်မျမ်ကူညီပေးခဲ့လို့သာ
အရှင်အပြစ်ကင်းစင်ကြောင်းသိခဲ့ရတာမလား ခုတော့ မျက်စိရှေ့ရောက်နေတဲ့ မျမ်မျမ်ကို ကောင်းကောင်းပင် နှုတ်မဆက်ခဲ့ရတာမို့
​ရိပေါ်​ကို ရှောင်းကျန့်လေး ဂျစ်တိုက်ချင်သည်

"မယုံစရာလား ကောရာ ချစ်လွန်းလို့ သူများကို မပြချင်ယုံလောက်ပါ"

"ရိပေါ်လေးနော် မမှတ်မိတာလား မမှတ်မိချင်ယောင်ဆောင်နေတာလား
မျမ်မျမ်ရဲ့ အကူအညီကြောင့်သာ ဝမ်အရှင်နဲ့ကြင်ယာတော်ရှောင်းအဆင်ပြေပြီး
ဝမ်ရိကျန့်လေးဖြစ်လာတယ်ဆိုတာ "

"ကူညီတာသက်သက် မပြချင်တာသက်သက်လေ "

"မဟ​ုတ်တာ ရိပေါ်ရာ မျမ်မျမ်မှာ သူ့မိန်းကလေးလည်း ပါလာတဲ့ ကိစ္စကို "

"ဟုတ်ပါပီဗျာ ​ကျွန်တော်မှားပါတယ်
နောက်မဖြစ်စေရဘူးနော် ခွင့်လွှတ်ပေး "

Daddy & Papa S3{Completed}Where stories live. Discover now