Part 16

4.3K 393 64
                                    

မကောင်းတဲ့ ကိစ္စကြီး​ဖြစ်ပွားခဲ့တာ 16နှစ်တောင် ပြည့်တော့မည်
ရိကျန့်လေးနဲ့ ကျန်တဲ့ ကလေးတွေ စိတ်ဒဏ်ရာ မရခဲ့ပင်မယ့်
​​ပါးပါးရှောင်းကတော့ စိတ်ဒဏ်ရာရခဲ့သည်
ထိုကိစ္စကို အခုထိမေ့နိုင်သေးပုံ မပေါ်တဲ့
ပါးပါးက ခုချိန်ဆို အခန်းထဲမှာ
daady ဓာပတ်လေးကို ကြည့်ပြီး မျက်ရည်တွေ ဝဲနေလောက်ရောပေါ့

သားအလိမ္မာလေးရိကျန့်ကလည်း ပါးပါးကို ပစ်မထားရက်
Daddyနဲ့ ပါးပါးရဲ့ ငယ်ငယ်က အတိုင်း မပြောင်းလဲသေးတဲ့ အခန်းလေးထဲကို ဝင်လာပြီး ကုတင်ပေါ်မှာ ခွေခွေလေးလှဲနေတဲ့ ပါးပါးနောက် နားလေး ဝင်ထိုင်လိုက်ပြီး

"မငိုနဲ့တော့နော် ပါးပါး မျက်လုံးတွေနာမယ် "

အသက်လေးဆယ်ကျော်နေပြီဖြစ်သော ရှောင်းပါးပါးက ရိကျန့်မျက်လုံးထဲမှာတော့
ကာကွယ်ပေးချင်သော လူသားလေးတစ်ယောက်

ချော့ကာမှ ကိုယ်လေးတုန်နေသော ပါးပါးက
ပိုငိုနေကြောင်း သိလိုက်ပြီ

"Daddy မရှိလည်း သားရှိပါတယ်ပါးရဲ့
ထားသွားတဲ့ Daddy အကြောင်း မတွေးပါနဲ့ ပါးပါး ပိုပြီး ဝမ်းနည်းမှာပေါ့ "

"မတွေးဘဲ​နေတာပေါ့ ရိကျန့်ရဲ့
အင့် ဒါပေမယ့် မရဘူး "

"ပါးပါး ဒီနေ​့ ထမင်းသိပ်မစားဘူးဆို "

"ဂရုစိုက်ယောင်မဆောင်နဲ့ ရိကျန့်
သားကောင်လေးကို အရင်မေးပြီးမှ
ပါးပါးကို လာမေးနေတာမလား
ပါးပါးကို ဒီတိုင်းပဲ လွှတ်ထားလိုက် "

တကယ်ပါးပါးက ကလေးလေးပါဆို
ရိကျန့် တကယ်မနိုင်ဘူး
Daddyရေ ရောက်လေရာအရပ်က အမြန်ဆုံးပြန်လာပါတော့

"ဟုတ်ပါဘူး ပါးပါးကိုပဲ ပိုဂရုစိုက်တာပါနော် "

"အပိုတွေ "

ရိကျန့်ကို ပြန်စနေပုံဆို ပါးပါးစိတ်သက်သာရာရသွားပြီထင်ပါရဲ့

တဖြည်းဖြည်း ညဥ့်နက်လာတာကြောင့်ရော ငိုထားတဲ့ အချိန်ကြောင့်ပါ ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ ပါးပါးကိုစောင်သေချာခြုံပေးရင်း ရိကျန်​့တွေးနေမိတာတစ်ခုက
Daddyအပေါ် ထားတဲ့ ပါးပါးရဲ့ အချစ်က
ဘယ်လောက်​တောင် လေးနက်လိုက်လဲဆိုတာ​ပေါ့
အချစ်ကြီးတဲ့ပါးပါးက မျက်စိရှေ့မှာတင်​ဖြစ်သွားတဲ့ ဖြစ်ရပ်ကနေ ခုထိ ရုန်းမထွက်နိုင်သေးဘူး

Daddy & Papa S3{Completed}Where stories live. Discover now