အပိုင်း (9)
ရာသီစက်ဝန်ကလည်နေရင်းနဲ့ yiboအသက် ခုနှစ်နှစ် အရွယ် ရောက်လာခဲ့တယ်..... သူလူမှန်း သိတက်စ အချိန်ထဲ က ဒယ်ဒီကို သူအဖေမဟုတ်မှန်း..... သူသိနေခဲ့တယ်..... ဒယ်ဒီနဲ့ အဖေလို့ခေါ်တဲ့ ကျွန်တော်ရဲ့ မွေးဖေဖေဝမ်ဖေးရန် ကြောင့် သူသိခွင့်ခဲ့တယ်..... သူတို့နှစ်ယောက် စာကြည့်ခန်း ထဲမှာ စကားပြောနေတာကို အမှတ်မထင်ကြားခဲ့ရတယ်......
"အစ်ကို ကျွန်တော်ရဲ့ကလေးကို ပြန်ခေါ်ချင်လို့ပါ........ ကျွန်တော်တို့ မိဘတွေ ဆုံးသွားပြီး ဆိုတော့ သားလေးကို ပြန်ခေါ်ခွင့်ပေးပါနော်......."
"ညီ.... မင်းပြန်ခေါ်ချင်ရင် အစ်ကိုဘက်ကို နည်းနည်း ကြည့် ပေးလို့ရမလား....... ကိုယ် yibo လေးကို သားအရင်လို မွေးခဲ့တာ..... ညီက ပြန်ခေါ်ချင်တယ် ဆိုတော့ ကိုယ့်ရဲ့ နှလုံးသားကို ဓားနဲ့ ခွဲနေသလိုပဲကွာ......."
မျက်ရည်တွေကျနေတဲ့ အစ်ကိုကြီးကြောင့်........
"yiboလေးကို ပြန်မခေါ်တော့ဘူး...... ကျွန်တော်တို့လည်း အစ်ကိုကြီးနဲ့ ထပ်တူ သားကို ချစ်ပါတယ်...... သားလေး စိတ်ဒဏ်ရာ မရစေချင်ဘူး....... "
သူ့မိဘကို သိပေမယ့် သူ့မွေးစားအဖေရဲ့ နှလုံးသားကို မနာကျင်စေချင်တာကြောင့်...... ကျွန်တော်မသိသလို နေခဲ့တယ်...... ကျွန်တော် လည်း လူ့ လောကမှာ သိပ်မနေရတော့ဘဲ...... ဘာလို့ဆို ကျွန်တော်မှာ နှလုံးက သိပ်မကောင်းတော့ဘူး..... အစား ထိုရမယ်လေ...... ကျွန်တော်အတွက် အချိန်သိပ်မကျန် တော့တဲ့ အတွက် ကျွန်တော်ကို ချစ်ပေးတဲ့ ဒယ်ဒီကို ပျော်ရွှင် မှုတွေ ပေးချင်တယ်...... ဖေဖေမေမေကို ကျွန်တော် ချစ်ပါ တယ် အဖေတို့အတွက်က ကျွန်တော်နဲ့ အချိန်လေးပဲ ခြားတဲ့ ကျွန်တော်ရဲ့ တစ်ပုံစံတည်းဖြစ်တဲ့ အမွှာအစ်ကို ရှိနေ တယ်........ ဒယ်ဒီမှာက အမြဲ တစ်ယောက်တည်း အထီး ကျန် နေရတယ်...... ကျွန်တော် မရှိတော့ရင် သူတစ် ယောက်ထဲ ဖြစ်သွားမှာမို ကျွန်တော်မသိသလို ဟန်ဆောင်ပြီး နေလိုက်ပါ မယ်.....
"ဖေဖေ မေမေနဲ့ ညီလေးကို အရမ်းချစ်ပါတယ်....... တကယ်လို့ ရွေးရမယ်ဆိုရင်တော့ ကျွန်တော် မိဘတွေနဲ့ နေချင်တယ်....."
YOU ARE READING
အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete)
Fanfictionငါ့မင်းကို ချစ်တယ် ငါ့ရဲ့ အချစ်ကြောင့် မင်းရဲ့ ဘဝကို အေးချမ်းစေရမယ် ငါ့ဆီကို လာပြီး ငါ့ရင်ခွင်မှာ မှေးစက် နားခိုးလှည့်ပါ..... Wang Yibo ကိုယ်မကျူးလွန်ခဲ့တဲ့ အပြစ်ကို တရားခံပါ ဆိုပြီးနှို...