အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.6K 178 5
                                    

အပိုင်း (36)


ကြောက်လွန်းလို့ နောက်ကို ဆုတ်သွားတဲ့ ကောင်လေးကို အဆုတ်မခံပဲ ထန်ရာက လက်ကနေဆွဲပြီး ချုပ်ထားလိုက် တယ် နာလို့ရုန်းပေမယ့် လူကောင်ချင်း မမျှ၍ ရုန်းလို့မရ ပေ...... မျက်ရည်ကျရင်နဲ့ ထိုင်နေတဲ့ သူတွေကလည်း သူ ဘက် ကနေ ပြောပေးမယ့်သူကို နှစ်သိမ့်ပေးမယ့် သူ တစ် ယောက်မှ လည်းမရှိပေ မျောက်ပွဲကြည့်သလို့ ဝိုင်းပြီး ကြည့် နေတဲ့သူ တွေကြီးပဲ......

"ဒီကောင်လေး ကြောက်ပြီးတော့ ထွက်ပြေးသွားနိုင်တာ ကြောင့် သူအမြန်ဆွဲထားလိုက်တယ်...... ရှောင်ကျန်ကို အိမ် သို့ မဖြစ်မနေပြန်ခေါ်ရမယ်....... သူyiboဆိုတဲ့ ကောင်လေးနဲ့ အတူတူ တစ်မိုးအောက်ထဲနေခိုင်းတာကို မ ကြိုက်ပေ အရင်ကတည်းက ခေါ်ချင်နေတာ အခု အစီအစဥ် ကို အောင်မြင်အောင် ဆောင်ရွက် နိုင်မှ ရှောင်ကျန့်ကို ပြန်ရ မှာ သူသာဒီကောင်လေးကို အနိုင်ကျင်ကောင်း ကျင့် မယ်.... တခြားသူ လက်ထဲတော့ လုံးဝ မပေးနိုင်ပေ....... အခုခြေ နေမှာ Wang Yiboဆိုတဲ့ သူ မရှိတာ သူတို့ အတွက် အ ခွင့်အရေးပဲ........ ဒီအချက်နဲ့ အပိုင်းနင်းပြီး ရှောင်ကျန့်ကို
ခေါ်သွားရမှာ ဒီကောင်လေးအခု လို ကြောက်တက် အောင် ပြန်မပြောရဲအောင် သူတို့ လုပ်ထားနိုင်တော့ ရှောင်ကျန့် က အခုလို အခြေအနေမျိုးကို ကြောက်ရွံ့နေတာ မဆန်ပေ...."

စိတ်ထဲက ကြိမ်းဝါလိုက်တယ်...... အပြင်မှာတော့ ရှောင်ကျန့်ရဲ့ နားလေးနားကပ်ပြီး....

"မင်းကို ကယ်ပေးမယ့် သူလဲ ဒီမှာ မရှိဘူး....... သူရှိနေ ရင်လည်း မင်းကို ဒီလို လူမျိုးလို့ ထင်ပြီး ကူညီစောင့်ရှောက် မိတာ မှားပါတယ် ဆိုပြီး ပြန်ထည့်ပေးလိုက်မှာ.......ဘယ် သူက မင်းလို သွေးမတော် သားမဆက်ကောင်လေးကို သူတို့ နာမည်ပျက်ခံပြီး ကူညီရအောင် ရှူးနေတာမှာမဟုတ်တာ..... ဒါကြောင့် ကိုယ်နဲ့ ကောင်းကောင်း ပြန်လိုက်ခဲ့ရင်..... မင်း ဆိုးသမျှကို အပြစ်မယူဘူး........."

သူရင်ခွင်ထဲမှာ ရုန်းလို့မရအောင် ဆွဲချုပ်ထားတဲ့ ကောင် လေးက ရုန်းကန်မနေတော့ဘဲ ငြိမ်သက်နေတော့ သူကြည့် လိုက်မိတယ်  အသံတိတ် ငိုနေတာကို သိတော့......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now