အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.7K 248 9
                                    

အပိုင်း(15)

ဆေးသွင်းပေးတော့ လက်လေးတွေကို အခုမှ ကြည့်မိတယ် ဖြူအုနေတဲ့ လက်ကလေးတွေက ဆုတ်ပြတ်သတ်နေ တယ်... ရေထဲမှာ အနေကြာသွားလို ရေနူးပြီး ဒဏ်ရာလေး တွေ ပြဲထွက်နေတယ်......

"တောက်...... ဒီကလေးဘာတွေလုပ် ထားတာလဲ လက်တွေ စုတ်ပြတ်သတ်နေတာပဲ....... "

ဒေါသထွက်နေတဲ့ ပေါ် ကိုကြည့်ပြီး လန့်မိတယ်..... ရှောင်ကျန့် နိုးလာရင် အမှန်အတိုင်း သိသွားရင် ငါ့တော့ ပြဿနာ တက်တော့မယ်....... ဒုက္ခပဲ.......

"မင်းတို့ အပြင်လိုက်ခဲ့..... "

အိပ်နေတဲ့ ယုန်လေး ခဏလောက် ပင်ပန်းကြောက်ရွံမှု ကင်း ကင်းနဲ့ နားစေချင်လို့.......သူတို့ကို ဧည့်ခန်းထဲကို ခေါ်လာပြီး မေးလိုက်တော့.......

"အန်တီ ဘယ်လိုဖြစ်တာလဲ ကလေးကို ဘာမှ အလုပ်ခိုင်းဖို့ မှားခဲ့တာလေ....."

"အဲဒါကလေ......"

"အို.... ကြာကန်ထဲက ငါးတွတ်သွားတာ ဖြစ်မယ်....... ပြီးတော့ ရေထဲကျသွားတော့ တစ်ခုခုကို လှမ်းဆွဲရင် ရှမိတာ ဖြစ်မှာပေါ့....... အဲ့ဒါပြောမလို့ မဟုတ်လား......"

သခင်လေးကို အမှန်အတိုင်း ပြောချင်ပေမယ့်..... သခင် လေးရဲ့ ရည်းစားကို ကြောက်တာနဲ........

"ဟို....."

သူမေးနေတာကို မပြောရဲတဲ့ အိမ်အကူကြောင့်......

"ကျွန်တော်က မေးရင် ချက်ချင်း အဖြေပေးမှ ကြိုက်တာ.... ပြောစရာရှိတာ မြန်မြန်ပြော.......

"သခင်လေး....... မမလေးက ရှောင်ကျန့်ကို ဘာမှ မခိုင်း ပါဘူး....."

"ခင်ဗျာ တစ်ခုခု သိထားတာကို မပြောပဲ ထိန်ချန်ထား တယ်.... ဒါဆို မေးပါရစေဦး ရှင်မီး ရှောင်ကျန့် သာကြာပန်း သွားခူးတာ မှန်ရင် လှေကဘာလို့ ကန်မှာကပ်နေတာလဲ.... ရှောင်ကျန့်နဲ့ အတူ တစ်ယောက်ယောက်က လှေထဲအတူတူ ထိုင်သွားလို့ ဖြစ်မယ်..... ပြီးမှ လှေလှော်ပြီး ကန်စပ်မှာ ပြန်
ရောက်နေတာ ဖြစ်မယ် ကံမကောင်းရင် ရေထဲကို တမင် တွန်းချ လိုက်တာမင်းလား......."

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now