Unicoad
မနက်မိုးလင်း။သော်နိုးတော့ သူ့ဘေးမှာ လူကြီးမရှိဘူးး
*ဟင် ဘယ်သွားပါလိမ့် ။ အရင်ကလို စပြန်ပြီထင်တယ်*
"လူကြီးရေ လူကြီးးး"
"..."
"လူကြီး မစနဲ့တော့ဗျာ ထွက်ခဲ့တော့"
သော်ခေါ်နေသော်လည်း ပြန်ထူးသံ မကြားရသလို။ အရင်ကလို အနောက်နေ ခါးကို သိုင်းဖက်ရင်း ပါးကို ဖွဖွ နမ်းရင်းလဲ ပေါ်မလာတော့။ သော် တဖြည်းဖြည်း စိုးရိမ် စိတ် ဝင်လာသည် ။
*မဟုတ်ဘူးမလားး ထွက်သွားတာတော့ မဟုတ်ဘူးမလားးး*
"လူကြီးး မစနဲ့တော့လေ နော် ။ သော်စီ လာခဲ့တော့နော် "
ရင်ထဲ က တင်းကြပ်နေတဲ့ ခံစားချက်နဲ့ အသက်ရှုပါ မဝချင်။ အခန်းပတ်ပတ်လည်ရောာ အိမ်ထဲမှာ ပါနေရာအနှံ့လိုက်ရှာာာသည်။ သို့သော် မတွေ့။ ထို့နောက်ခြံထဲဆင်းကာာာ
"လူကြီးးး သော် သော်တောင်းပန်တယ်လေ ဟင့် ။ မ မစနဲ့တော့ လေနော်။ "ပါးစပ်ကလဲ ပြောာ လူက 360 လည်အောင် ပတ်ရှာနေသည် ။ အိမ်က အမေတို့ကတောင် အထူးအဆန်းမျက်လုံးတွေ နဲ့လိုက်ကြည့်နေပေမဲ့ သူ အာရုံမစိုက်နိုင်ပါ။
"လူကြီး ထွက်ခဲ့တော့ ဆို သော် သော် ငိုမှာ နော် ဟင့်။လူကြီးးး အဟင့် သော့် ကို မပြောမဆိုနဲ့ ထားခဲ့ပြီလားး။ "
ရှာနေတာတောင် ကြာပြီ ။ ပေါ်မလာတာကြောင့် စိတ်အခြေ အနေက မမှန်ချင်တော့ ။ ရှိုက်သံ ပြင်းထန်လာသည်နဲ့ အမျှ လူက မောပန်းးလာသည်။
ရင်ထဲ က တင်းကြပ်နေတဲ့ ဒဏ်ရာာ က အပ်နဲ့ထိုးစွနေသလို။"အားးးးးးးးးးး!!!!!!!!! လူကြီးးး" အသံကုန်အော်ဟစ် လိုက်ပြီးနောက် သော်တယောက် မေ့မျောသွားခဲ့သည်။
"အမလေးးး သမီးး သော် ဖေကြီးရေ ဆရာဝန်ခေါ်ပါဦးးး သမီးလေး မေ့လဲ သွားပြီ"
သော့်ကို ပွေ့ခေါ်သွားတဲ့ နောက်ကို မျက်ရည်တွေ စီးကျရင်း ယူကျုံးမရ ဖြစ်နေတဲ့ သူတယောက် ရှိနေသည်ကို ဘယ်သူမှ မသိ။
---
"ကလေးက ရှော့ရသွားတာပါ။ တခုခု ကို သူ ထိတ်လန့်သွားလို့။ အစောကတည်းက သွေးအားလဲ နည်းတတ်တော့ အားပျက်သွားးတာ"
![](https://img.wattpad.com/cover/248648009-288-k536209.jpg)
ESTÁS LEYENDO
အချစ်ကိုတွေ့ချိန် (My lovely Ghost)
Romanceသူဘယ်သူမှန်း မသိလဲ ချစ်ခွင့်ရှိတယ်မလားးး။ ဘယ်သူတွေ ကိုယ့်ကို ရူးပါတယ် ထင်ထင်။ သူ့ကိုပဲ ချစ်နေမယ်။ ယသော်ထက်