12. Uni

704 33 0
                                    

Seoul မြို့လယ်က ခြံ၀န်းကြီးတစ်ခုဟည်းနေအောင်ခန်းနားလှသည်။

ထိုခြံ၀န်းသည်ကား W&W Company တစ်ဖြစ်လဲ  Wang Group၏ပိုင်ရှင်
Wang Tianlonနေအိမ်လည်းဖြစ်သည်။

60ကျော်အဖိုးကြီးတစ်ယောက်၏အာဏာသည် ကြီးကျယ်လှကြောင်းပြောဆိုနေသည်မှာအဆန်းတော့မဟုတ်။

လူကုံထန် အသိုင်းအဝိုင်းများ၏အာဏာကိုပိုင်ဆိုင်မှုနှင့်ဆုံးဖြတ်တတ်ကြသောလူအများစုတို့က Wangလူကြီးမင်း၏မရေတွက်နိုင်အောင်များပြားသည့်ပိုင်ဆိုင်မှုကိုလည်းကြောက်ရွံမက်မောလှသေးသည်။

မိုးတိမ်တို့လဲညိုနေသလို ထိုအိမ်တော်ထဲက
ကောင်ငယ်လေးသည်စိတ်တော်ညှိုးနေလေသည်။

မှောင်မှိုင်းမှိုငတိမ်လွှာတို့ကyiboကိုနှစ်သိမ့်ပေးသည်။
သို့ပေမယ့်ရင်ထဲမှလောင်ကျွမ်းနေသောအပူမီးတို့ကသူတိုးလေးတို့မျက်ရည်ဖြစ်သောမိုးစက်ကလေးများတောင်မငြှိမ်းသက်ပေးနိုင်ပေ။

"မြေး.."
အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့အဖိုးာငယ်ကလိုခန့်နေတုန်းပင်။

"အဖိုး အေးမယ်လေအနွေးထည်ထပ်ပါအုံးလား"
"မြေးလေးရှိတာနဲ့တင်နွေးထွေးနေပါပြီ။"

သူပြုံးမိသည်ထင်သည်။ ဒီကိုပြောင်းလာသည့်တစ်လအတွင်း သူပြုံးသည်ကားလက်ချိုးရေလို့ရနေသည်။

အဖိုးအားနွားနို့ဖျော်ပေးစကားလေးပြောနေသည်။

"မြေးသူကိုသိပ်ချစ်ရတာလားး"
နှိပ်ပေးနေသည့်yiboလက်တို့တန့်သွားသည်။
အဖိုးအားကြည်တော့ မဖတ်တတ်သည့်မျက်၀န်းတစ်စုံကိုသာရင်ဆိုင်ရသည်။

" အချစ်ဆိုတာပေးဆပ်နေရင်သာအချစ်မည်တယ်။ လက်ခံရုံလေးနဲ့အချစ်လို့မမည်ဘူးyibo

မှားယွင်းသွားတဲ့ဆုံးဖြတ်ချက်က
သချင်္ာပုစ္ဆာလိုဖျက်ပြီးပြန်ပြင်လို့မရတော့သလို။
နောင်တတွေကိုရေဖျောသောက်ရမယ်။"

"သွားနားတော့လေ။အဖိုးလည်းအိပ်တော့မယ်။"

လေးကန်တဲ့ခြေလှမ်းတို့ဖြင့်တရွေ့ရွေ့နဲ့အိပ်ခန်းဆီသာဦးတည်မိသည်။

ကုတင်ထက်မာမျက်လုံးကိုမှိတ်မရနေပဲ။
မကြာသေးတဲ့အကြောင်းကိုသာထပ်တွေးနေမိသည်။

ထိုနေ့ကxiaozhanလာပြီးနောက်တစ်ရက်က အဖိုးကအံ့သြစွာရောက်လာတယ်။

သူကို့ seoulခေါ်သွားချင်တဲ့အကြောင်း၊မိသားစုလိုက်ပြောင်းနေကြဖို့အကြောင်း၊
မထင်ထားစွာကိုယ်တိုင်လာခေါ်ခဲ့သည်။

ချွေမအဖြစ်လက်မခံသေးပေမယ့် မြေးအဖြစ်တော့လက်ခံသေးတဲ့အဖိုးကသူ့သားကိုနှစ်တွေအကြာကြီးခွဲနေရတာပင်ပန်းနေလောက်ရာပေါ့။

Geအားမေ့ပစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့လိုက်လာခဲ့မိသည်။
မာနလက်ကျန်လေးကြောင်းတစ်ခြံတည်းပေမယ့် အိမ်ခွဲနေစေလေတယ်။

သူ့ကိုတော့တူတူနေစေလေသည်။မြေးလေးကိုတော့ပိုးမွေးထားမည်တဲ့လေ။

အခုလောက်ဆိုမင်္ဂလာတောင်ဆောင်ပြီးလောက်ပြီပေါ့နော်။

ပိုင်ဆိုင်သူရှိပေမယ့်အ၀ေးတစ်နေရာနေတော့ချစ်ခွင့်ရှိတယ်မလားအချစ်ရယ်။
______
တိုက်ခန်းငယ်လေးထဲကလူငယ်လေးသည်မကုန်နိုင်တော့တဲ့ မျက်ရည်တို့ကိုဆက်လက်စီးဆင်းစေသည်။

လက်ထဲကဓာတ်ပုံငယ်လေးကလည်းကြည့်ပါများတော့နွမ်းချင်သယောင်။

ဒီပုံလေးကသူလေးအိပ်နေတုန်းခိုးရိုက်ထားတာလေး။ထိုချစ်ရတဲ့သူလေးကဘာတွေများလုပ်နေမလဲ။ကိုကတော့လွမ်းနေတယ်လေ

ကလေးလေးရှိရာကို ကိုကိုလာမှာပါ။
ခနလေးဘဲ စောင့်နေပါ။ကလေးရှိရာကိုရောက်အောင်လာရှာမှာပါ။
ကလေးမသိသေးတဲ့အမှန်တရားတွေကိုလည်းကိုပြောပြမှာပါ။

ချစ်တယ်ကလေးရယ်။

__________

#lialam
#theday
201228 7:07pm

Luv you all my mochi💜

☀The Day ☀{complete}Where stories live. Discover now