8 ( uni)

661 34 0
                                    

🎼🎼🎼🎼🎼🎼🎼
မှေးစင်းနေတဲ့မျက်လုံလေးကဖုန်းစခရင်ထက်ကနံပါတ်အစိမ်းကိုခနမျှကြည့်ပီးးအစိမ်းရောင်အ၀ိုင်းလေးကိုနှိပ်ကာ

" ၀ေ"

ပြန်ဖြေတဲ့အသံအက်ရှရှလေးကနေမကောင်းလို့ထင်သည်။

" ၀ေ "

ဒုတိယအကြိမ်ထူးသော်လည်းပြန်မဖြေလေတော့ကောင်လေးကစိတ်ရှည်ဟန်
ဖုန်းချမည်အပြု

"နေ..နေကောင်းရဲ့လား"

ဒီအသံလေး..သူသိပ်လွမ်းနေရတဲ့အသံလေး
လွမ်းရအောင်လုပ်တာလည်းသူကိုယ်တိုင်ဘဲဆိုတာတော့မသိသလိုနေပါရစေ။

"အွန်းးးး"

ခပ်တိုးတိုးအသံလေးကသူအဆင်မပြေကြောင်းတစ်ဖက်လှည့်ပြောနေလေသလား။

"ဘာလို့ကိုယ့်ကိုရှောင်နေတာလဲyibo..
ကိုယ့်ကိုစိတ်ဆိုးနေတာလား"

"အဟက်!စိတ်မဆိုးပါဘူးးလုံး၀ဘဲ"

အနည်းငယ်မျှမာသယောင်ရှိနေတဲ့အသံလေးကခနဲ့နေမှန်းသိသာစေတယ်။

"ကိုယ့်တို့ခဏလောက်တွေ့ရအောင်"

"...."

"နော်yibo.. Yiboမေးချင်တာတေအကုန်ဖြေပေးမယ်လေ..တွေ့ရအောင်နော်"

"အင်း"

တီခနဲအသံလေးအဆုံးဖုန်းလိုင်းလေးပြတ်တောက်သွားလေသည်။
ကိုယ်တို့နှစ်ယောက်တော့အဲ့ဒီလိုမပြတ်တောက်လောက်ဘူးမလားး။

စခရင်မှာပေါ်နေတဲ့ချစ်ရသူရဲ့မျက်နှာလေးကခိုးရိုက်ထားတာမှဟုတ်လေစ။

ထိုပုံလေးအပေါ်မှအရည်ကြည်လေးတေကပြောလေတယ်...သခင်ရယ်မငိုပါနဲ့တဲ့။

*ပိုင်ရှင်ရှိနေတဲ့သူကိုချစ်နေရတာ မမှီနိုင်တဲ့ပန်းလိုဘဲ။ခူးယူလို့မရဘူးး။ပိုင်လဲမပိုင်နိုင်ဘူး။*

ထိုနေ့ကYubinတို့ကပြောပြခဲ့တယ်။
Zhan geနဲ့မင်ယွီနဲ့ကစေ့စပ်ပီးသားတဲ့။
အဟက် ကျနော်မျှော်လင့်လို့တောင်မရဘူးလားကောရယ်။

အဲ့နေ့ကစလို့ဖုန်းတေကောwechatကနေကောblockခဲ့တယ်။မြင်ရရင်နာကျင်ရလို့ပါ။

နောက်ဆုံးးဘယ်သူနဲ့မှအဆက်သွယ်မလုပ်တော့တာအိမ်ထဲတောင်တစ်ယောက်မှအ၀င်မခံတာတစ်ပတ်ပြည့်တော့မယ်။

အဲ့လူကြီးနံပါတ်အစိမ်းနဲ့ခေါ်လာတယ်တဲ့။

အားးးကောရယ်ခနလေးဖစ်ဖစ်..ခနလေးပါ...တကယ်ကိုခနလေးဘဲပိုင်ဆိုင်လို့မရဘူးလားး။

ကျနော်လေမင်ယွီကျဲကိုအားကျယ်..မဟုတ်ဘူးးမနာလိုတာလို့ပြောရင်ကျနော်လွန်မလား။

*မမှီတဲ့ပန်းလေးကိုခူးယူလိို့မရပေမယ့်သခင်ဆီကိုတော့ကိုယ်တိုင်ကြွေကျပေးမှာပါ*
~~~~~~~~~

အဟဲsry par
တိုသွားတယ်။
#lialam
Love you all my reader💜...

☀The Day ☀{complete}Where stories live. Discover now