PPC-Part-2

246 57 3
                                    

🍁Unicode🍁

ပေါက်စီကလေးများ

"ဖေဖေ နိုးလာပြီလား?"

ပတ်ပတ်လည်မဲမှောင်လျှက်ရှိသောခုတင်အစွန်းတွင် လင်းဝူရှိနေသည်ကို လင်းကျင်းရွှမ်မသိ။လင်းဝူက သူ့အားတောကြက်မောက်သီးအားနွှာထားသကဲ့သို့သောမျက်လုံးဝိုင်းကြီးအစုံနှင့် သိလိုစိတ်ပြင်းပြစွာဖြင့်စိုက်ကြည့်နေပါ၏။လင်းကျင်းရွှမ်သည် လျှင်မြန်စွာပင် သူ၏အကြည့်တို့အားရှောင်ရှားလိုက်ကာ
ဆက်လက်၍ သေနေဟန်ဆောင်လိုက်ပါ၏။

"ဖေဖေ ၊ထပ်မအိပ်ပါနဲ့တော့ ၊ဖေဖေကမရူးဘူးလို့ကိုကိုပြောတာ သားကြားခဲ့တယ် ၊ဖေဖေ...နောက်ကျရင်လေ ရွာထဲကသံထည်ကလေးလေးတွေရဲ့ဖေဖေလိုမျိုး ပိုက်ဆံတွေအများကြီးရှာပေးနိုင်မလားဟင် ၊ဖေဖေစိတ်မပူပါနဲ့ ပိုက်ဆံရှာဖို့ ရှောင်ဝူက ဖေဖေ့ကိုကူမှာပါ ၊အခုဆိုသားက ပေါင်းပင်တွေရှင်းနိုင်နေပြီ ၊သားကြီးလာရင် သံထည်ကလေးတွေနဲ့အတူတူမြစ်ကိုသွားပြီးငါးဖမ်းနိုင်မှာနော် ၊အကြီးဆုံးအဝဆုံးငါးကြီးကိုတွေ့ရင်ဖေဖေ့အတွက်ဖမ်းပေးမယ် ၊မဟုတ်သေးဘူး...သားတို့အတွက် ရှောင်ဝူတစ်ခါမှငါးကြီးကြီးမစားဘူးသေးဘူး"

(铁瓦子-သံထည်
铁-သံ
瓦子-ကြေပြား
သံထည်ကလေးလေးလို့ပြန်ထားတဲ့စကားလုံးကသိပ်မသေချာသေးပါဘူးနော်
နောက်မှသေချာသိလာရင်ပြန်ပြင်ပေးပါ့မယ်)

လင်းဝူကလေးသည် ခုတင်အစွန်းနား၌ထိုင်ကာ တတွတ်တွတ်ဖြင့် စကားအရှည်ကြီးအား
မနားတမ်းပြောနေပါ၏။တစ်ခါတစ်ရံသူ၏စကားလုံးများက အနည်းငယ်မရှင်းမလင်းနှင့်။သို့သော်လည်း သူ၏ဖခင်အတွက် စက်ဝိုင်းပုံကိတ်မုန့်ကြီးရေးဆွဲနေသည့် စွမ်းရည်ကိုတော့ဖြင့် မတားဆီးမရပ်တန့်နိုင်ပါပေ။လင်းဝူ၏စကားအရှည်ကြီးပြီးဆုံးသွာပြီးနောက်တံတွေးမြိုချလိုက်သည့်အသံကိုပင် လင်းကျင်းရွှမ်ကြားရပါ၏။ထိုအရာမှာ မူလပိုင်ရှင်၏ခံစားချက်ပေလားကလေးငယ်၏စကားလုံးတို့၏လွှမ်းမိုးခြင်းကိုခံလိုက်ရခြင်းပေလားမသိပါသော်လည်း သူ၏မျက်ဝန်းအစုံတို့ကနာကျင်နေကာ နှလုံးသားများပိတ်ဆို့တင်းကျပ်လို့နေ၏။
ကလေးငယ်မှာငါးနှစ်ပင်မပြည့်သေးသော်လည်းတွေးတောစဥ်းစားတတ်နေပေပြီ။ပြီးတော့လည်း ကလေးငယ်သည်ယခုချိန်ထိငါးမစားဖူးသေး။စိတ်မကောင်းဖြစ်မိမလား???။ဒါကနှစ်ဆယ့်တစ်ရာစုမှာဆိုလျှင်တော့ ကလေးငယ်သည် ဆိုးဝါးသောမိသားစု၏ခံစားချက်တို့ကိုသိမည်မဟုတ်ပေ။

Poisonous Peasant "Concubine"(PPC-MM Translation)Where stories live. Discover now