PPC-Part-3

408 57 5
                                    

🍁Unicode🍁

ရွာရှိမိန်းမကြီးနှင့်အပေးအယူလုပ်ခြင်း၊ပေါက်စီကလေးတို့အားသင်ကြားပေးခြင်း

နက်မှောင်မှောင်ပန်းကန်ထဲရှိမဲမဲအရာတို့မှာ ဂျုံခေါက်ဆွဲများဖြစ်သည်ဟုပေါက်စီကလေးတို့ကပြောကြသည်။သို့သော်ခေါက်ဆွဲတို့မှာ
ရေကသာများများပါပါ၏။လင်းကျင်းရွှမ်၏တူမှာဘာကိုမျှမဆယ်မိသေး။ဤအရာမှာသူတို့သားအဖသုံးယောက်၏ညစာဖြစ်ပါ၏။မဟုတ်သေး....ဒါကမနက်စာဖြစ်သင့်သည်မဟုတ်လား.....?။ရှေးယခင်ကဆင်းရဲသားများသည်အစားအစာကိုနှစ်ကြိမ်သာစားကြသည်ဟု ပေါက်စီတို့သည်ယနေ့အဖို့မစားရသေးဆိုခြင်းအားကြည့်ကာ လင်းကျင်းရွှမ်တွက်ချက်ကြည့်ပါ၏။တစ်နည်းအားဖြင့် သူတို့သည်နေ့လယ်စာစားလိမ့်မည်မဟုတ်။

ခေါင်းငုံ့ကာသူ့ပန်းကန်ထဲရှိ ခေါက်ဆွဲနှင့်ကန်းစွန်းဥပြုတ်တို့ကိုကြည့်လိုက်ပါ၏။ထို့နောက် စိတ်ပါလက်ပါနှင့်စားနေသောပေါက်စီကလေးတို့အားကြည့်ကာ လင်းကျင်းရွှမ်နှလုံးအစုံမှာ အနည်းငယ်လှုပ်ရှားသွားရပါ၏။ကန်စွန်းဥတစ်ခုအားဆယ်ယူလိုက်ပြီး ရှောင်ဝူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်ပါ၏။

"ကျေးဇူးပါ ဖေဖေ ၊ကောင်းကောင်းစားပါခင်မျ"

ကန်စွန်းဥကလေးတစ်ခုလောက်မျှနှင့် လင်းဝူမျက်လုံးဝိုင်းကြီးတို့မှာဆန်းစသော်တာလမင်းကြီးကဲ့သို့ အလွန်ပျော်ရွှင်လို့နေပါ၏။

"ရော့....ရှောင်ဝမ်လေးရော"

"သားမလိုချင်ပါဘူးဖေဖေ ၊သားလောက်ပါတယ် ၊ဖေဖေစားပါ ၊ဖွားဖွားကပြောတယ်သားတို့မှာ သားတို့ခန္ဓာကိုယ်အတွက်အားတွေရှိဖို့အသားဝယ်စားစရာပိုက်ဆံမရှိဘူး ၊အနည်းဆုံးတော့ မင်းဝအောင်စားရမယ်တဲ့"

လင်းကျင်းရွှမ်ကကန်စွန်းဥထည့်ပေးရန်လှမ်းလာသောအခါ ပေါက်စီကလေးကမျက်ခုံးကလေးများကြုတ်လျက် သူ့ပန်းကန်လုံးကလေးအားလက်ဖြင့်ကာရင်း အဝေးသို့ပို့လိုက်ပါ၏။

ဒီလိုအပြုအမူလေးကလည်းသူ့နှလုံးသားကိုနာကျင်စေသည်တဲ့လား....?

ပေါက်စီကလေးများရင့်ကျက်လာခြင်းကသူ့နှလုံးသားကိုပို၍မသက်မသာဖြစ်စေပါ၏။လင်းကျင်းရွှမ်သည်ပေါက်စီကလေးတို့အားငါးကြီးကြီးများ၊ပင်လယ်စာအသားများစားစေဖို့အတွက် ပင်လယ်ဆီသို့ချက်ချင်းခေါ်ဆောင်သွားရန် ဆန္ဒရှိလို့နေပါ၏။သို့ပါသော်လည်း ထိုအရာကဆန္ဒတစ်ခုမျှသာ။ဤမိသားစုတကယ် အမှန်တကယ်ပင် သာမန်မျှဆင်းရဲမှုမျိုးမဟုတ်ပါပေ။သူအရာအားလုံးကိုစစ်ဆေးမကြည့်ရသေးလျှင်တောင်မှသူခန့်မှန်းနိုင်နေဆဲပင်။ခေါက်ဆွဲမဲမဲတို့သည် ပေါက်စီကလေးတို့၏နေ့စဥ်စားရသည့်အစားအစာဖြစ်ကြောင်း သူခန့်မှန်းမိပါသည်။

Poisonous Peasant "Concubine"(PPC-MM Translation)Where stories live. Discover now