PPC-Part-1

417 63 2
                                    

🍁Unicode🍁

ဆင်းရဲခြင်းသို့အကူးအပြောင်း

"သူ့ကိုသတ် ၊သောက်မကောင်းဆိုးဝါမိစ္ဆာကောင် ၊သူ့ကိုသတ်ကြ"

"ဖေဖေ့ကိုမရိုက်ကြပါနဲ့ ၊တော်ပါတော့ ၊မရိုက်ကြပါနဲ့"

"ဝူး...ဝူး....ဖေဖေ"

"ဟား....ဟား......."

ကျေးလက်တောရွာ၏လူမြင်ကွင်းမြက်ခင်းပြင်ကျယ်တစ်ခုတွင် လူရွယ်အုပ်စုတစ်စုသည် ညစ်နွမ်းနွမ်းစုတ်ပြတ်ပြတ်ပုံရိပ်ကလေးအား ဝိုင်းဝန်းကန်ကြောက်ထိုးနက်နေကြသည်။အသက်အရွယ်အားဖြင့်သုံးလေးနှစ်အရွယ်ခန့်ရှိမည့် မည်းတူးတူးကလေးများကငိုယိုလျက် အနှီလူရွယ်များဝိုင်းဆွဲနေကြသည်။သို့ပါသော်လည်း အနှီလူရွယ်များကထိုကလေးငယ်တို့၏သေးကွေးလှသောခန္ဓာကိုယ်လေးများအား တစ်ချက်တည်းနှင့်မီတာဝက်ခန့်အဝေးသို့ရောက်အောင်တွန်းထုတ်ပစ်လိုက်ပါ၏။ကလေးငယ်များကိုအော်ငေါက်ပြီး ညစ်ထေးထေးပိန်ရော်ရော်ခန္ဓာကိုယ်လေးပေါ်သို့ ထိုးနှက်ကန်ကြောက်မှုများက အစုလိုက်အပြုံလိုက်ကရောက်လာကြပြန်လေပါ၏။

"အ့........"

နာကျင်မှုကြောင့်ပေါ်ထွက်လာပါသော ညည်းညူသံကလေးမှာ လူရွယ်များ၏ဆူဆူညံ့အသံများကြားတွင် နစ်မြုပ်ပျောက်ကွယ်လုနီးနီး။လင်းကျင်းရွှမ် သူ၏မျက်လုံးတို့ကိုမဖွင့်မှီ သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်။သူ့ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာဖြစ်နေပြီး တကွဲတပြားစီဖြစ်နေသကဲ့သို့ပင်။သူ၏ကိုယ်ပိုင်မဟုတ်သောမှတ်ဉာဏ်များက ရူးနှမ်းစွာသူထံသို့ပြေးဝင်လာရင်း ခေါင်းကွဲမတတ်ပြုမူနေကြသည်။

"ငါ့အမေကပြောတယ် ၊ဒီကောင်ကမကောင်းဆိုးဝါမိစ္ဆာကောင်တဲ့ ၊သူ့ကိုသတ်......"

"သူ့ကိုသတ်......."

"သားဖေဖေက မကောင်းဆိုးဝါးမဟုတ်ဘူး ၊ထွက်သွားကြ ၊ဖေဖေ့ကိုမရိုက်နဲ့...."

ကလေးငယ်လေးများကိုအဆက်မပြတ်တွန်းချပစ်ရင်း လူရွယ်များကအပြေးအလွှားကန်ကြောက်ပြုမူနေဆဲ။ကလေးနှစ်ယောက်ထဲမှတစ်ယောက်သည် ရပ်တန့်ပေးရန် အော်ဟစ်တောင်းဆိုနေဆဲဖြစ်ပါ၏။သူ၏ခန္ဓာကိုယ်ပိန်ပိန်ကလေးများမှာ လူရွယ်များ၏မိုက်ရူးရဲဆန်မှု၌ ကျရှုံးနိုင်သည်။ဤခန္ဓာကိုယ်လေးများနှင့်ပြန်လည်၍ခုခံနိုင်ပါမည်လား???။လူရွယ်များမှာသူတို့နာကျင်ရလေလေ ပို၍ကြမ်းတမ်းလာလေလေဖြစ်လာကာ သေအောင်ရိုက်နှက်ကန်ကြောက်လာကြသည်။

Poisonous Peasant "Concubine"(PPC-MM Translation)Where stories live. Discover now