Cherry Blossom Part 2

2.5K 159 3
                                    

သူကာကွယ်ချင်ခဲ့တဲ့ကလေးလေး သူ့ရင်ခွင်ထဲတသက်လုံးထည့်ထားချင်တဲ့ကလေးလေး.. တဘဝလုံးစာ စောင့်ရှောက်ချင်တဲ့ကလေးလေး.. သူ့စိတ်ကူးတွေ တစစီပျက်စီးကုန်တာ အဖေ လေလံပွဲကို ဝင်ပြိုင်မယ်ပြောကတည်းက.. သူ ဘာတတ်နိုင်မှာလဲ အခုမှ စီးပွားရေးလောကထဲဝင်ပြီး ကြိုးစားနေတဲ့လူငယ်တယောက်အနေနဲ့ လေလံအောင်တဲ့အထိစွမ်းဆောင်နိုင်မှာ မဟုတ်မှန်းသူသိနေတယ်.. အဖေ့ကို အကူအညီတောင်းရင်ရပေမယ့် သူ့အစွမ်းအစနဲ့ပဲ သူကြိုးစားချင်ခဲ့တာ..

Junmyeon အနားကပ်သွားပြီး Kyungsooရဲ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး နဖူးကိုဖွဖွလေးနမ်းလိုက်တယ် "ကံကောင်းပါစေ.. "

ပြီးတော့ ချက်ချင်းပဲ Junmyeonလှည့်ထွက်လာလိုက်တယ် သူ့ကိုမုန်းလက်စနဲ့မုန်းပါစေ.. သူ့မျက်ရည်တွေကိုလည်း Kyungsooကို မမြင်စေချင်ဘူး..

Kyungsooကတော့ အံသြရင်း မတ်တပ်ရပ်ပြီး ကျန်ခဲ့တယ်..

"Kyungsoo..  လေလံပွဲပြီးပြီ.. အိပ်ရာဝင်ဖို့ပြင်ရတော့မယ် " အထိန်းတော်လာခေါ်မှ သတိပြန်ဝင်လာပြီး အထိန်းတော်နောက်ကို လိုက်သွားလို်က်တယ်.. လေလံနိုင်တဲ့သူက လူကောင်းတယောက်ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Kyungsoo အခန်းတံခါးကို ညင်ညင်သာသာလေး ခေါက်လိုက်တယ်.. စိတ်လှုပ်ရှားနေတာမှန်ပေမယ့် Junmyeonမဟုတ်ဘူးဆိုတာ သိနေတော့လည်း စိတ်ထဲက လှိုက်လှိုတ်လှဲလှဲတော့မရှိ.. ဒါပေမယ့်လည်း သူ့ဘဝရဲ့ဘဝအစမှာ ပထမဆုံးတယောက်ကို စိတ်ပျက်စရာတွေတော့ မပေးချင်..

"Kyungsoo...??" အခန်းထဲက သူလားဆိုပြီး လှမ်းမေးတယ်.. အသံပိုင်ရှင်က ဘယ်လိုရုပ်ရည်လည်းတော့ သူမသိ ဒါပေမယ့် အသံကြားရုံနဲ့ယောက်ျားပီသမှန်းတော့ သိသာသည်..

"ဟုတ်.. ဟုတ်ပါတယ်.. "

"ဝင်ခဲ့လေ.. "

သူဝင်သွားတော့ အခန်းက မီးရောင် မှိန်ပြပြပဲထွန်းထားတယ် အိပ်ရာကိုတော့ လှလှပပလေးပြင်ထားပြီး အမွှေးနံ့သာအနံ့တွေလည်း ရနေတယ်.. ရုတ်တရက်ကြီး ချောက်ကမ်းပါးမှာရပ်နေရတယ်ဆိုတဲ့ ခံစားချက်.. Junmyeonမှ မဟုတ်တာ .. သူကိုယ့်သူစိတ်ထိန်းဖို့ဆက်တိုက်သတိပေးနေပေမယ့်လည်း နှလုံးသားက လက်မခံ.. Junmyeonမဟုတ်ဘူးဆိုတဲ့ အသိနဲ့တင် သူ့ခြေထောက်တွေ အားမရှိတော့.. အခန်းတံခါးပိတ်ပြီး အိပ်ရာဆီသွားဖို့လည်း အာရုံမရ.. တံခါးရှေ့မှာ မတ်တပ်ရပ်ပဲရပ်နေမိတယ်..

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Feb 01, 2015 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Cherry BlossomDove le storie prendono vita. Scoprilo ora