"ဟင်"
စွတ်စိုသောခံစားမှုကြောင့်သတိလစ်မေ့မျော
နေရာမှမျက်လုံးတွေပွင့်လာသည်
အားယူပြီးထိုင်လိုက်တော့ကျောမှဒဏ်ရာ
ဆီကနာကျင်မှုကိုခံစားလိုက်ရသည်"အ.."
ခေါင်းကအရိုက်ခံထားရသည့်ဒဏ်ရာကပါ
ထပ်နာနေတာကြောင့်မျက်လုံးကိုပင်
အားယူပြီးဖွင့်လိုက်ရသည်
တကိုယ်လုံးလဲနာကျင်ကိုက်ခဲနေပြီ
ဒူးပေါ်ကလက်ဟာမြေပြင်ပေါ်ပြုတ်ကျသွား
တော့မြေသားကိုမထိမိပဲရေကိုထိတွေ့မိသွား
တာကြောင့်ညည်းညူနေရာမှအလန့်တကြားဖြင့်
ကြည့်လိုက်မိတော့"ရေတွေ..."
တဖြည်းဖြည်းရေတွေကများသထက်
များလာပြီးထိုင်နေတာကြောင့်တင်ပါး
နှင့်ခြေမျက်စိတွေစိုနေတာကိုသတိထား
မိလိုက်သည်
ရေဆိုလျှင်အင်မတန်ကြောက်သောသူ
ဖြစ်တာကြောင့်ဒဏ်ရာတွေကိုပင်မေ့ကာ
ထရပ်လိုက်မိသည်"Lisa....Lisa..."
မှောင်မဲနေသောပတ်ဝန်းကျင်ကိုကြည့်ကာ
အော်နေပေမယ့်မိမိအသံကလွဲပီးဘာသံ
မှပြန်မကြားရဒီဂူထဲကိုLisa နှင့်အတူရောက်လာခြင်းဖြစ်ပြီး
အခုတော့ဂူထဲမှာမိမိကလွဲပီးတခြားဘယ်သူ
မှရှိဟန်မတူဝင်လာတုန်းကဘယ်ဘက်ကဝင်လာမှန်းလဲ
မမှတ်မိတော့ဂူနံရံကိုလက်ဖြင့်ထောက်ကာထွက်ပေါက်ကို
လိုက်ရှာရတော့သည်ဘယ်ကဝင်လာမှန်းမသိတဲ့ရေတွေကလဲတဖြည်း
ဖြည်းများလာကာဒူးနားအထိပင်ရောက်နေပေပြီထိုသို့အမှောင်ထဲစမ်းတဝါးဝါးဖြင့်လျှောက်လာရမှ
အလင်းရောင်တွေ့တာကြောင့်မျှော်လင့်ချက်ဖြင့်
ထိုနေရာကိုလျှောက်သွားလိုက်သည်ထိုနေရာကိုရောက်တော်ရေကလဲပေါင်လယ်ကို
ရောက်နေပြီဖြစ်သည်"အသက်ရှင်ဖို့ကဒီနည်းပဲရှိတော့တယ်
ဒီထဲမှာပဲရေနစ်ပြီးတော့အသေမခံနိုင်ဘူး
Jisoo နင်လုပ်နိုင်တယ်...နင်လုပ်နိုင်တယ်"အပေါ်ဘက်ကအလင်းရောင်ကိုမော့ကြည့်
ပြီးတဖွဖွရေရွတ်နေသလိုပါးပြင်ပေါ်သို့
မျက်ရည်စတွေကလဲလိမ့်ဆင်းလာသည်
အသက်ရှင်ဖို့ဆိုတစ်နည်းပဲရှိတော့တာကြောင့်
အတော်အတန်မြင့်သောကျောက်တောင်ကို
တွယ်တက်ရန်ကြိုးစားတော့သည်
တောင်တက်ခြင်းကသူမနှင့်စိမ်းသက်မှုမရှိတာ
ကြောင့်မိမိကိုယ်ကိုအားပေးကာ
စတင်ပြီးတွယ်တက်လိုက်သည်