(၄)

1.1K 93 37
                                    

မနက်စာစားပြီးတော့Jisoo ကိုသူမအခန်း
ထဲခေါ်လာကာမှန်ဗီရိုထဲကသူမဝတ်ဖို့
အဝတ်တွေကိုထုတ်ပေးလိုက်သည်

"ရှင့်ကိုယ်တိုင်းနဲ့ကျမကိုယ်တိုင်းက
အတူတူလောက်ပဲဆိုတော့တော်လောက်မှာပါ
ဝတ်ကြည့်လိုက်မတော်ရင်တခြားဟာရှာကြည့်
ရအောင်လို့"

Jennie. Shirt အင်္ကျီအဖြူကိုကြယ်သီးတွေ
ဖြုတ်ပေးပြီးJisoo ကိုပေးလိုက်သည်

Jisoo ဝတ္ထားတဲ့အက်ႌကိုခြၽတ္လိုက္ကာ
Shirt အက်ႌကိုဝတ္လိုက္သည္

Jen ကကြယ်သီးတပ်ပေးလိုက်ပြီးနောက်
လက်အရှည်ကိုသေချာခေါက်ပေးလိုက်သည်

ထို့နောက်ဘောင်းဘီကိုတော့style pant
တစ်ထည်ထုတ်ပေးလိုက်သည်

အဝတ်လဲခန်းထဲဘောင်းဘီသွားလဲပီးနောက်
Jisoo ထွက်လာတော့Jen ကအင်္ကျီခါးစကို
ဘောင်းဘီထဲထည့်ပေးလိုက်သည်

ဒီလိုပုံနှင့်လဲကြည့်ကောင်းသားပဲဟုစိတ်ထဲက
တွေးကာသူမမျက်နှာကိုမော့ကြည့်လိုက်သည်

ဘာမှလိမ်းမထားပေမယ့်သူမရဲ့မျက်နှာက
ဖွေးဥကာနုဖက်နေသည်
ပြီးတော့အခုမှသတိထားပြီးကြည့်မိသော
Jisoo ရဲ့နှုတ်ခမ်း
အနီးကပ်မြင်နေရတဲ့ထိုနှုတ်ခမ်းရဲရဲလေး
ကိုစိတ်လွတ်လက်လွတ်ငေးကြည့်နေမိသည်

"ငါဝတ်ထားတာအဆင်ပြေရဲ့လားဒီကလူတွေ
ပုံအတိုင်းဖြစ်ရဲ့လား"

"ဟင်..အင်း..အဆင်ပြေပါတယ်"

Jen ခေါင်းညိတ်ပြကာဖိနပ်ရှာလိုက်သည်
အဆင်ပြေမယ့်တရံတွေတော့သူ့ရှေ့ချပေးကာ

"စီးကြည့်"

Jisoo ဖိနပ်ထဲခြေထောက်လျှိုလိုက်​တော့

"တော်လား..ကျပ်နေလား.."

"ဟင့်အင်းအတော်ပဲ"

"ဖိနပ်မှာကြိုးတေမပါတော့ရှင်စီးရတာအဆင်
ပြေမှာ
ရှင်စီးတဲ့ဖိနပ်နဲ့အတူတူပါပဲဒီဇိုင်းပဲမတူတာ"

"ဒါပေမယ့်ဒါကပိုစီးကောင်းတယ်ပိုနူးညံ့တယ်"

"အပြင်သွားမှာဆိုတော့ကျမမိတ်ကပ်နည်းနည်း
ပြင်ပေးရမလား"

"မိတ်ကပ်.."

"အင်း...ပိုကြည့်ကောင်းသွားအောင်"

You've reached the end of published parts.

⏰ Last updated: Jan 03, 2021 ⏰

Add this story to your Library to get notified about new parts!

From HanYang To SeoulWhere stories live. Discover now