Part 1 - Zawgyi

131 4 0
                                    

Taeyong's POV

မနက်ကတည်းက ကျွန်တော်ဘေးမှာ ပူညံ့ပူညံ့လာလုပ်နေတဲ့ သူမ ကျွန်တော်ကို အတော်ဒေါသထွက်နေပြီ ကျွန်တော် မလိုက်ကူရင် သူရဲ့ ပွစိပွစိပြောနေတာတွေကို
ရပ်တော့မှာမဟုတ်

"တစ်ချိန်လုံး အဲ့မင်းသားကိုအကြောင်းဘဲပြောနေတာ
ငါနားကွဲတော့မလိုဖြစ်နေတာတောင် ငါဘာမှမပြောဘူးနော် "

"အေလေ နင်ကလည်း ဘာမှမပြောတာကို ခုလည်း ဘာမှ
မပြောဘဲ ငါကို သူ့ရဲ့ အိမ်ကို ခိုးသွားတာ လိုက်ကူလေနော်
နော်...ငါနင့်ကို အာလူးကြော် 1 လထိထိ အဝကျွေးမယ်"

ကြည့်ပါလား ပြောလေကဲလေ သူမက ကျွန်တော်နဲ့ မူကြိုကတည်းခင်ခဲ့တာသူငယ်ချင်း Nmi အခုလည်း သူအရမ်းကြိုက်တဲ့ မင်းသားဆီရဲ့ အိမ်ကို ခိုးသွားမို့တဲ့ လိုက်ကူမှဘဲ
ရတော့မယ် မဟုတ်ရင် နားစည်ကွဲပြီး သေသွားနိုင်တယ်

"အေးအေး....သွားမယ် သွားမယ် ဘယ်ချိန်လဲ"

"Major 4ပြီးတာနဲ့သွားမယ် "

"2နာရီလောက်လား ညမှသွားတာမဟုတ်ဘူး ခိုးဝင်ရမှာကို"

"သူရဲ့အိမ်ကိုရောက်ဖူးချင်ရုံဘဲ 2နာရီဆို သူအိမ်မှာမရှိဘူးအဲ့တာကြောင့်"

"အိမ်လိပ်စာကိုရော ဘယ်လိုသိတာလဲ"

"Nmiတို့က ဆရာမကြီးဘဲဟာကို "

တတ်လည်းတတ်နိုင်ပါရဲ့ စာသာအဲ့လိုတော်နေရင် Repeaterအခန်းကြီးကို လျစ်လျူရှုထားနိုင်ပါသေးရဲ့လို့ ကျွန်တော် တွေးပြီး စာသာဆက်ကြည့်လိုက်တယ်

~~~~~~~~~~~~~~~~
Jaehyun's POV

"ဒီနေ့ Scheduleကို ဖျက်လိုက်တော့"

"ဟုတ်ကဲ့"

"ပြီးတော့ မင်းအိမ်ပြန်နားချင်နားလိုက်"

ကျွန်တော် ကျွန်တော့် မန်နေဂျာကို ခိုင်းစရာရှိတာ ခိုင်းပြီးတော့ အခန်းထဲဝင်လာလိုက်တယ်

နာမည်ကြီး မင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်
ပင်ပန်းလာရင် အဲ့လိုဘဲ Scheduleတွေကို ဖျက်တတ်တဲ့အကျင့်ရှိတယ် အတူတွဲလုပ်ဖူးတဲ့ Directorတွေ Acter , Actressတွေလည်း ကျွန်တော် အကြောင်းသိတော့ ဘာမှသိပ်မပြောလိုကြပါဘူး

Secretly  (Uni + Zaw)Where stories live. Discover now