Part 2 - Uni

158 35 2
                                    

Taeyong's POV

သေချာပြန်စဥ်းစားကြည့်လိုက်မှ ကျွန်တော်
ဒီအိမ်မှာ ရောက်နေတာ 1 လ ကျော်နေပြီ တကယ်
သေသာသေလိုက်ချင်တော့တယ်

နာမည်မင်းသားတွေကရော အာဏာရှိတာလား
မရှိဘူးလားတော့ ကျွန်တော်မသိ
ကျွန်တော်ရောက်နေတဲ့ အိမ်ရဲ့ မင်းသား မဟုတ်ဘူး မင်းသားရဲ့အိမ် အား...
ရှုပ်နေတာဘဲ ထားလိုက်တော့ ......
Jaehyunဆိုတဲ့သူကတော့ တကယ်ကို အာဏာရှင်ဘဲ
ဘာရောဂါမှမဖြစ်တဲ့ကျွန်တော်ကိုဆေးခွင့်တင်ပြီး
စာမေးပွဲကို အအောင်ပေးဖို့လုပ်လိုက်တယ်တဲ့

စာမေးပွဲကျတာတောင် ဒီလောက်စိတ်ညစ်ဖို့ကောင်းမှာမဟုတ်ဘူး ယောကျာ်းလေး
Cinderella Versionဆိုတာ ကျွန်တော်မှ အမှန်

"မင်း အလုပ်ကိုသေချာမလုပ်ဘူးလား"
အိမ်အလုပ်လေးလုပ်လို့ပြီးလို့ Sofaပေါ်ထိုင်နေတဲ့ကျွန်တော်ကို လာအော်နေတယ်

"လုပ်လို့ပြီးလို့ ထိုင်နေတာလေ " ကျွန်တော်လည်း သူကို ပြန်အော်ပြောလိုက်တယ်

"ဒါနဲ့ မင်းကမ္ဘာပေါ်မှာ အလှဆုံးကဘာလဲသိလား"

"ဟင်...."

"မင်း မသိဘူးမလား.. မင်းရဲ့အပြုံးလေ"

သူရဲ့စကားကြောင့် ကျွန်တော်ကြောင်တောင်တောင်ဖြစ်သွားတော့ သူက အော်ရီလိုက်တယ်

"သိပ်ပြီး မလန့်ပါနဲ့ ငါက Dilog အတွက်
လေ့ကျင့်ကြည့်ရုံပါ"

ကျွန်တော် တကယ် ဒေါသထွက်သွားတယ်
လူကိုစ စရာများထင်နေတာလား တကယ်ပါဘဲ

"Jaehyun Ssi ~ ရုပ်လေးချောတာက ချောတာဘဲ
လူတစ်ဖက်သားကို မလေးစားတတ်ရင်လည်း အလကားဘဲနော်"

"တစ်ဖက်သားလေးစားမှုမရှိဘဲ
ငါအိမ်ထဲဝင်လာတဲ့မင်းကရော"

ပြောချင်တာပြောပြီး ထွက်သွားတဲ့သူကို ကျွန်တော်
​အနောက်ကနေ ကန်ပစ်လိုက်ချင်တယ်
ရုပ်ချောတာတစ်ခုထဲနဲ့ကြိုက်တဲ့ကောင်မလေးတွေကတော့ တကယ်ကို အချစ်မျက်ကန်းလေးတွေဘဲ

########

Jaehyun's POV

ကျွန်တော် အခုတစ်လော ဘယ်လောက်အလုပ်များများ မောပန်းတယ်လို့မခံစားရဘူး ဘာလို့လဲဆိုပြီးကျွန်တော် သေချာစဥ်းစားလိုက်တော့
Taeyong သူကြောင့်

Secretly  (Uni + Zaw)Where stories live. Discover now