Part 3 - Uni

141 31 0
                                    

Taeyong's POV
Sofaပေါ်မှာသာထိုင်ပြီး သူစားစရာယူလာမဲ့
အချိန်ကိုသာစောင့်နေလိုက်တယ်

စားစရာတွေချပေးနေတဲ့သူကို ကျေးဇူးတင်ချင်
ပင်မဲ့ ကျေးဇူးတင်လိုက်ရင် ဘဝင်မြင့်သွားမှာကြောင့် ဘာမှမပြောဘဲ စားစရာရှိတာကိုသာစားလိုက်တယ်

"Jaehyun Ssi မနေ့ကမူးပြီးအိပ်ပျော်သွားတာကို
အခန်းထဲလေးတောင် မပို့ပေးဘူး အပြင်မှာ
အအေးမိသွားရင် ဘယ်လိုလုပ်မလဲ"

"မင်းကို ငါမချီနိုင်ဘူး"

"အော်အော် Six Packsကြီးတွေကိုမှ အားမနာ
ဒါနဲ့ ကျွန်တော်ကိုဘယ်ချိန်မှ အိမ်ပြန်ပို့မှာလဲ"

"1လကျော်ဘဲရှိသေးတာကိုမင်းကို မယုံသေးဘူး10နှစ်နေလို့ ပြန်ရရင်တောင် ကံကောင်းတယ်လို့မှတ်"

"လူက ချောသလောက် စိတ်ဓာတ်..."

ကျွန်တော်စကားကိုတောင်ဖြတ်ပြောပြီး
ပန်းကန်တောင်ဆေးခိုင်းလိုက်သေးတယ်

"စားပြီးရင် ပန်းကန်တွေမင်းဆေးလိုက်တော့
ငါအပေါ်တတ်ပြီ"

"Jaehyun Ssi .မြေခွေးလိုလူဘဲ"

လူကသာပန်းကန်ဆေးနေပင်မဲ့ အတွေးတွေကတော့
ဒီအိမ်ရဲ့အပြင်ဘက်မှာရှိနေတယ်

"အပြင်ကိုတစ်ခါလောက်ဖြစ်ဖြစ်ထွက်ချင်လိုက်တာ" 💭

"ငါသူကိုပြောလိုက်ရမလား တကယ်ပြန်လာမှာပါဆိုပြီး" 💭

"ပြောလည်းလေကုန်တာဘဲဖြစ်မယ်"💭

"လေကုန်တာဘဲ ပိုက်ဆံကုန်တာမှမဟုတ်တာ
ပြောကြည့်မယ်"💭

"သူစိတ်ဆိုးသွားရင်ကော"💭

"စိတ်မဆိုးလောက်ပါဘူး သူကတကယ်တော့
သဘောကောင်းပါတယ် " 💭

ကျွန်တော်တစ်ယောက်တည်းအတွေးပေါင်းစုံ
တွေးမိနေတာကြောင့်ပန်းကန်ဆေးပြီးလို့ပြီးသွားမှန်းတောင် မသိ ဘာဘဲဖြစ်ဖြစ်ကြိုးစားကြည့်ရမှာပေါ့
.......................
Jaehyun's POV

အခန်းထဲဝင်လာပြီး မျက်နှာချိုသွေးနေတဲ့Taeyongကြောင့် တစ်ခုခုပြောတော့မယ်ဆိုတာကို သိနေတယ်

"Jaehyun Ssi အပြင်ကိုတစ်ခုလောက်ဖြစ်ဖြစ်
ပေးထွက်ပါလား"

"အပြင်ထွက်ချင်တယ်ပေါ့ အဲ့ဆို အပေးအယူလုပ်ရအောင်"

Secretly  (Uni + Zaw)Where stories live. Discover now