𝐸𝑥𝑡𝑟𝑎~ [𝐶ℎ𝑎𝑒𝐿𝑖𝑠𝑎]

1.6K 65 20
                                    

#Unicode

"⏰⏰"

နှိုးစက်လာသော်လည်းတန်းမထနိုင် ...ဪ မနေ့ညကအိပ်မှမပျော်တာ မိုးလင်းခါနီးမှအိပ်ပျော်တာကြောင့် မျက်လုံးများကကျိန်းစက်လို့နေသည်

"⏰ ⏰"

သို့သော် နှိုးစက်ကအဆက်မပြတ်လာနေတာကြောင့် မျက်လုံးကိုမဖွင့်သေးဘဲ ဖုန်းရှိမည်ထင်သည့်နေရာသို့ဟိုစမ်းဒီစမ်း စမ်းကာနိုးစက်ကိုပိတ်လိုက်သည်

နောက်ကျောများနာနေတာကြောင့်မျက်လုံးကိုဖြေးဖြေးဖွင့်ကာကြည့်လိုက်မှ အိပ်ခန်းထဲမှာမဟုတ်ဘဲဧည့်ခန်းထဲမှဆိုဖာပေါ်တွင်အိပ်နေရကြောင်းသတိရသည်

ခါတိုင်းမနက်ခင်းတွေလိုနိုးလာတိုင်းသူမမျက်နှာလှလှလေးကိုမတွေ့ရတော့တာကြောင့် ရက်ဘက်ထဲ၌ဟာတာတာဖြင့်...

နောက်ဆုံးတော့ တကယ်သူမကိုဆုံးရှုံးလိုက်ရပြီဘဲ မနေ့ညကစိတ်ညစ်ညစ်နှင့်နည်းနည်းသောက်မယ်ဆိုပြီးထိုင်သောက်လိုက်တာ Limit ကျော်သွားလို့ထင်ပါရဲ့ ခေါင်းကမကြည်

ဒါထက်တစ်ခန်းလုံးတွင်လည်းအရက်နံ့များထောင်းထနေသည် ပုလင်းခွံလွတ်များနှင့်ပုလင်းကွဲစတစ်ချို့ကလည်းအခန်းအနှံ့ပြန့်ကျဲနေသေးသည်

အခုတော့ ဒီရှုပ်ပွနေတဲ့အခန်းငယ်လေးကိုရှင်းလင်းပေမယ့်သူမက မရှိတော့သလိုအရက်မသောက်ဖို့တားဆီပိတ်ပင်မယ့်သူလည်းမရှိတော့ ပျော်ရမည်ဖြစ်သော်လည်း မပျော်နိုင် ကိုယ်ပိုင်ဆိုင်နိုင်ဖို့အတွက်တောင်မမျှော်လင့်ခဲ့ဖူးသောထိုကောင်မလေး ...

တစ်ရက်ကျတော့သူမကိုတကယ်ကံကောင်းစွာနဲ့ပိုင်ဆိုင်ခဲ့ရတယ် 'ငါပိုင်ပြီကွ'ဟုတစ်လောကလုံးကိုအော်ပြောနိုင်ခဲ့ပြီးကာခါ တစ်ဖန်ဆုံးရှူံးလိုက်ရပြန်သည်

<<<<<<<<<<<<<<<<<<<<<<<<<<<

အရှေ့ပတ်လောက်ကဖြစ်လိမ့်မည်~

ထမင်းစားခန်းထဲတွင်သူမနှင့်တူတူထမင်းစားနေသည် တစ်အိမ်လုံးက တိတ်ဆိတ်လို့နေသည်

သိပ်မကြာခင်မှာဘဲ တိတ်ဆိတ်မှုများနှင့်ပြည့်နှက်နေသော လေထုကြီးအားသူမက ဖြိုခွင်းလိုက်သည်

𝑆ℎ𝑜𝑟𝑡 𝑆𝑡𝑜𝑟𝑦 (𝐶𝑜𝑙𝑙𝑒𝑐𝑡𝑖𝑜𝑛)Where stories live. Discover now