𝐷𝑜𝑛'𝑡 𝑊𝑜𝑟𝑟𝑦~𝑌𝑜𝑢'𝑙𝑙 𝑏𝑒 𝐹𝑖𝑛𝑒[𝐽𝑒𝑛𝑠𝑜𝑜]

574 37 2
                                    

~~~ Part-3 ~~~

#Unicode

မနက်ကတည်းက Jen ခွဲစိတ်မှုကြီးပြီးစီးခဲ့သည် အခုထိတော့သူမကသတိရမလာသေး ... မနက်ဖြန်မနက်ပိုင်းအထိသာကိုယ့်မှာ အချိန်ကျန်တော့သည် ဆေးရုံကုတင်အထက်ရှိသူမနှင့် မကြာမှီခွဲခွာရတော့မည်ဖြစ်တာကြောင့်ဝမ်းနည်းမိသည် ဝဲရင်အုံဘက်မှာလည်းငြ်ိမ်သက်စွာဖြင့် အတိုင်းမသိနာကျင်နေရသည် ... သူမကတော့ဒါတွေကိုမသိသေးဘူးပေါ့...

သူမရဲ့လက်သေးသေးလေးအား တင်းကျပ်နေအောင်ကိုင်ထားကာ မြတ်နိုးရတဲ့မျက်နှာလေးကိုအချိန်အကြာကြီးငေးကြည့်နေမိသည် နောက်ဆုံးတွေ့ရမည့် နေ့ရက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တာမို့...

"ကိုယ်မရှိတော့ရင်တောင် ရှင်သန်နေရတဲ့အချိန်တစ်လျှောက်လုံးမှာ အကောင်းဆုံးနဲ့အပျော်ရွှင်ဆုံးလူသားလေးတစ်ယောက်အဖြစ်ဆက်လက်ရှင်သန်ပေးပါ Jenn"

ဒီနေ့တစ်ညဘဲသူမဘေးမှာဆက်လက်ရှိပေးနိုင်တော့မည်... နောက်ရက်သတိရလာလို့ကိုယ့်ကိုမတွေ့ရင်လိုက်ရှာနေမယ့် Jen ရဲ့ပုံရိပ်လေးကိုတွေးမိတိုင်း မျက်ရည်များဝဲတက်လာရသည် ...

ဆေးရုံကဆင်းရင် ရေခဲမုန့်လိုက်ကျွေးမယ်လို့မယ်လို့ပေးထားတဲ့ကတိကိုလည်းမဖျက်ချင်ဘဲဖျက်ရတော့မယ် ... ပင်လယ်ကြီးရဲ့အရှေ့မှာနေဝင်ချိန်တူတူကြည့်ကြမယ်လို့စီိစဉ်ထားတာတွေလည်း ဘယ်တော့မှဖြစ်မြောက်တော့မှာမဟုတ်ဘူး ... နောက်ပြီးတူတူစိတ်ကူးယဉ်ထားဖူးတဲ့ ပျော်ရွှင်စရာမိသားစုလေးဆိုတာလည်းမရှိနိုင်တော့ဘူးထင်တယ် ကလေးငယ်~

>>>>>>>>>>>>>>>>>>>>>>>>>

​ကိုက်ခဲနေသည့်ဦးခေါင်းက်ိုလက်နှင့်ဖိကာ မျက်လုံးနှစ်ဖက်ကိုအားယူပြီးဖွင့်လိုက်သည်

"Jen!! Jen သတိရလာပြီ ယောကျ်ားရေဒေါက်တာသွားခေါ်ပါအုံး"

"ဘာ! သမီးလေးသတိရလာပြီဟုတ်လား"

Jen ရဲ့ခုတင်ဘေးရှိထိုင်ခုံလေးပေါင်မှာ ထိုင်ငိုက်နေသော Mr.Kim ကတစ်ညလုံးမအိပ်ရသေး ... သမီးလေးသတိရလာပြီဆိုတာကြောင့် လောလောဖြင့်ထလိုက်ရာဟန်ချက်ပင်ပျက်သွားရသည်

𝑆ℎ𝑜𝑟𝑡 𝑆𝑡𝑜𝑟𝑦 (𝐶𝑜𝑙𝑙𝑒𝑐𝑡𝑖𝑜𝑛)Where stories live. Discover now