𝐷𝑜𝑛'𝑡 𝑊𝑜𝑟𝑟𝑦~𝑌𝑜𝑢'𝑙𝑙 𝑏𝑒 𝐹𝑖𝑛𝑒 [𝐽𝑒𝑛𝑠𝑜𝑜]

460 34 3
                                    

~~~Part - 2~~~

#Unicode

"Hello ? ကျွန်တော်အခုဘဲ လာခဲ့ပါမယ်"

Jen ကမေ့လဲသွားလို့ဆေးရုံမှာရောက်နေတယ်တဲ့ ... သေချာတယ်ဒါက Jen ရဲ့အသက်အန္တာရာယ်ကိုထိခိုက်စေမယ့် အကြောင်းပြချက်ဖြစ်လိမ့်မယ် ...

Jen ရဲ့အချိန်က 10 ရက်လောက်သာကျန်တော့သည် ...ကယ်တင်နိုင်ရန် ဒီကြားထဲနည်းလမ်းပေါင်းစုံရှာခဲ့သော်လည်း အချည်းနှီးသာ...

​>>>>>>>>>>>>>>>>>>>>>>>>>>>>

"Jen ဒါလေးတော့ကုန်အောင်စားပါနော်"

ဆန်ပြုတ်ခွံ့ကျွေးနေသည့် ကိုယ့်ကို Jen ကခေါင်းယမ်းပြသည် ...ဒီနေ့ဆိုသူမဆေးရုံတက်နေရတာ သုံးရက်မြောက်ရှိပြီ ... သူမရဲ့အသက်ရှင်ရန်အချိန်ကလည်း တစ်ပတ်သာသာ သာရှိတော့သည်

ဆေးရုံကုတင်အထက်ရှိ Jen ကကိုယ့်ကိုစကားတောင်ပြန်မပြောနိုင် ... လက်နုနုလေးတစ်ခုလုံးမှာလည်း ဆေးပိုက်တန်းလန်းများကနေရာယူလို့နေသည်

"ဒါမစားချင်တော့ရင် ကိုယ်တခြားဟာသွားဝယ်ပေးမယ် Jen ဘာစားချင်လဲပြော"

"Jen စားချင်စိတ်မရှိဘူး"

"ခနနေဆေးသောက်ရတော့မှာလေ Jen တစ်ခုခုစားထားမှဖြစ်မှာပေါ့"

"အဲ့တာဆို ... ရေခဲမုန့်စားချင်တယ်"

ဒီကလေးမလေးကတော့နောက်ပြီ ... ဆေးရုံတက်နေရပါတယ်ဆိုမှ ရေခဲမုန့်စားချင်တယ်တဲ့လေ...

"Baby ရာ ... မနောက်ပါနဲ့ ရေခဲမုန့်တော့စားလို့်အဆင်ပြေမှာမဟုတ်ဘူးလေနော်"

ကိုယ်ပြောလိုက်သည့် စကားကြောင့်သူမရဲ့ မျက်နှာလေးစူပုပ်လို့သွားသည် ... ကိုယ်မှာတော့ဒီကောင်မလေး တစ်နေ့တစ်ခြားကျန်းမာရေးဆုတ်ယုတ်လာတာကိုထိုင်ကြည့်ပြီး ဝမ်းနည်းရုံမှတစ်ပါးဘာမှမလုပ်ပေးနိုင်ခဲ့...

"ဒေါက် ဒေါက် ဒေါက်"

"ဟုတ်ကဲ့ ဝင်ခဲ့ပါ"

တံခါးဖွင့်ပြီးဝင်လာသူမှာ ဆေးရုံမှသူနာပြုဆရာမလေးတစ်ဉ်ီးဖြစ်သည်

"Jennie Kim ရဲ့အုပ်ထိန်းသူလားရှင့်"

"ဟုတ်ကဲ့"

𝑆ℎ𝑜𝑟𝑡 𝑆𝑡𝑜𝑟𝑦 (𝐶𝑜𝑙𝑙𝑒𝑐𝑡𝑖𝑜𝑛)Where stories live. Discover now