Sooတစ်ေယာက် ချစ်ရသူဆီသို့ ပြေးသွားပြီး ရှေ့၌ ဒူးထောက်ထိုင်ချလိုက်ကာ...
"Jenရယ် ထပါတော့ ဘာလို့ကိုယ့်ကိုကိုယ်နှိပ်စက်နေတာလဲ"
သူမဆီသို့ အပြေးအလွှားရောက်လာပြီး ပါးလေးကိုင်ကာ မျက်ရည်များနှင့် ထိုင်နေသော ချစ်ရသူကို မြင်ရတော့ စိတ်ထဲက အလုံးကြီးတစ်ခုကျသွားသလို စိတ်များအားလုံးလျှော့ချလိုက်ပြီး
"Sooရယ် တို့တောင်းပန်ပါတယ် တို့ကိုခွင့်လွှတ်ပေးပါ"
"ထပ်မပြောပါနဲ့တော့ Jen"
Sooကိုပြုံးပြလိုက်ပြီးနောက်မှာတော့ Sooအကူအညီဖြင့် မတ်တပ်ရပ်၍ ရုတ်ချည်းဆိုသလို Sooပခုံးပေါ်မှိလျက်အနေအထားဖြင့် လဲကျသွားသည်....
ဟန်ချက်ပြတ်ကာ အရုပ်တစ်ရုပ်လို လဲကျလာသော Jenကို ဖက်ထားလိုက်ပြီး...
"Jen ထပါအုံး Jen
Youngလေး Oppaဆီဖုန်းဆက်ပေးပါ"Oppaဆိုသည့်အသံကြားသည်နှင့် ခေါင်းထောင်ပြီး မော့ကြည့်လာသော Jen
"Oppaလို့ ဘယ်သူ့ကိုမှ့မခေါ်ပါနဲ့
အခုလည်း သူ့ကိုခေါ်စရာမလိုပါဖူး Jenသက်သာပါတယ်"Sooလည်း ဘာမှ့မပြောတော့ပဲ အိပ်ရာဆီသို့သာ တွဲခေါ်သွားလိုက်ပြီး....
"Youngနဲ့ Liliဆေးသွားဝယ်ခဲ့နော်"
"Nae"
အငယ်နှစ်ယောက်ထွက်သွားတော့ ကုတင်ပေါ်မှာ အိပ်စက်နေပြီဖြစ်သော ချစ်ရသူကို ရေဘတ်တ်တိုက်ရန် ပြင်ဆင်ပြီး ရေဘတ်တိုက် အ၀တ်အစားများလဲပေးကာ...
"Soo Soo ဟင့်အင်း Jenကိုထားမသွားပါနဲ့ Jenကိုခွင့်လွှတ်ပါနော်"
အိပ်နေရင်းယောင်နေသော Jenေကြာင့် Sooပြုံးမိပေမယ့် ချစ်ရသူက အခုလို ဖြစ်နေတော့ စိတ်မကောင်းမိ....
အငယ်နှစ်ယောက် ပြန်မလာမချင်း Jenလက်လေးကို ဆုပ်ကိုင်ထားပြီး Sooမျက်လုံးများကလည်း Jenကိုသာ တစိုက်မတ်မတ်ကြည့်နေမိခြင်း မျက်တောင်ခတ်ရမှာကိုပင် မေ့နေသည်ထင်ရလောက်အောင်.
မျက်တောင်ခတ်မိလျှင် ချစ်ရတယ့် Jenမျက်စိရှေ့က ပျောက်ကွယ်သွားမလားစိုးရိမ်မိနေခြင်းတို့ဖြင့် Jenကို ထိုင်ကြည့်နေမိသည်။
YOU ARE READING
🌼 Beginning of Love 🌼
Fanfictionချစ်ခြင်းအစ မုန်းခြင်းကတယ့် ခေါင်းစဉ်မရှိတယ့်အမုန်းတွေကနေ ချိန်မြိန်တယ့်အချစ်တွေ ဖြစ်လာတယ့်အခါ .......