ဓာတ်လှေကားမှထွက်လာပြီး Jenကို လာဆွဲတယ့်လက်ပိုင်ရှင်က Jenလိုက်ရှာနေသော Kim Jisooဆိုသည့် အမျိုးသမီးပင်။
"နေလည်းမကောင်းပဲနဲ့ အခုဘယ်သွားအုံးမလို့လဲ"
စိုးရိမ်စွာမေးလာသော သူမကို ဘာမှ့မပြောနိုင်ပဲ ကလေးတစ်ယောက်မိခင်ပျောက်ရှာရင်း တွေ့သလို သူမရင်ခွင်ထဲ၀င်၍ တင်းကြပ်စွာဖက်ထားမိသည်။
"ဘာလို့အသိမပေးပဲ ထွက်သွားတာလဲ Soo"
ငိုသံလေးစွတ်လာပြီး ကလေးတစ်ယောက်ပမာ မျက်ရည်လေးနှင့်မော့ကြည့်ကာ မေးလာသူကို Sooနှစ်လိုစွာ ပြုံးကြည့်မိပြီး
"Jenရယ် ကိစ္စလေးရှိလို့ပါ နောက်ဆိုအသိပေးပါ့မယ်နော်"
"နောက်ဆိုတစ်ယောက်တည်းထားမသွားပါနဲ့"
"အင်း လာအခန်းထဲဝင်ရအောင်"
မျက်ရည်မသုတ်နိုင်ပဲ Sooခေါ်ရာနောက်သို့ ပြန်လိုက်လာသည့် Jen။။
"အော် ပြန်တွေ့ပြီလား"
"အင်းးးး"
အခုချိန်ထိ ငိုသံဆွတ်နေသည့်အသံကြောင့် Sooစိတ်မကောင်းစွာ ကြည့်မိပြန်သည်
"ထမင်းဝိုင်းပြင်ထားတယ် စားရအောင်"
"အင်း လာခဲ့မယ် အ၀တ်အစားသွားလဲအူးမယ်စားနှင့်"
"မြန်မြန်လာနော် Jenစောင့်နေမယ် ဂရုစိုက်လာနော် Jen Jenစောင့်နေမယ်နော်"
Jennie unnie၏ ချွဲပျစ်ကာ ပြောနေသော ပုံစံကို Lisaမရယ်အောင်ထိန်းရင်း ထမင်းငုံ့စားနေရသည်
သူမအစ်မကို အခုလို ကလေးတစ်ယောက်လို ချွဲ၍ ပြောနေပုံကို ပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။
Sooထွက်သွားချိန်၌ Jenချောင်းဟန့်လိုက်တော့ ထမင်းငုံ့စားနေသည့် အငယ်နှစ်ယောက်ကမော့ကြည့်လာကြပြီး Lisaက ဘာလဲတိုသည့်အကြည့်ဖြင့် မျက်လုံးပင့်ပြသည်
"ရော့ အငယ်နှစ်ကောင် ဒီမှာမုန့်ဖိုး ဟိုအိမ်ကို ညစာစားပြီးသွားတော့ မုန့်ဖိုးယူပြီး စားချင်တာ စားသွားကြ"
"အာ unnieကလည်း Youngက သူ့အစ်မတစ်ယောက်တည်း ဘယ်လိုထားခဲ့နိုင်မှာလဲ"
YOU ARE READING
🌼 Beginning of Love 🌼
Fanfictionချစ်ခြင်းအစ မုန်းခြင်းကတယ့် ခေါင်းစဉ်မရှိတယ့်အမုန်းတွေကနေ ချိန်မြိန်တယ့်အချစ်တွေ ဖြစ်လာတယ့်အခါ .......