"အားးးးးးး"
Jenဆီမှ ထွက်ပေါ်မလာပြန်ပြီဖြစ်သော အသံ
Sooအေးဆေးစွာပင် ကြည့်လိုက်ပြီး....."ဘာဖြစ်ပြန်ပြီလဲ Jennie"
"ဗိုက်ပြည့်သွားလို့ ဟီး"
Sooလည်း မနိုင်ဖူးဆိုပြီး ခေါင်းခါယမ်းလိုက်ကာ....
"အဲ့တာဆို သွားကျစို့ မိုးချုပ်နေပြီ"
"အွန်း အိမ်ပြန်မယ်"
"ဆေးခန်းသွားပြီးရင် အိမ်ပြန်မယ် ဒါပဲ"
"မသွားဖူး ကားပေါ်ကလုံးဝမဆင်းဖူးနော်"
Sooကို အကန်တွေကြည့်ပြောနေသော Jenကို စိတ်မရှည်နိုင်တော့ပဲ...."yarr ငါ့ကို ဘယ်လောက်ထိနှိပ်စက်နေမှာလဲ
မရဖူး သွားကို သွားရမယ်""oki သွားမယ် ဆေးခန်းကပြန်ရင် ငါကားမောင်းမယ် ဒါပဲ"
"အင်းးးး အင်းးးး"
ဟူးးး နောက်ကိစ္စနောက်မှ့ပဲ အခုဆေးခန်းပြဖို့အရင်လုပ်ရမယ်ဆိုသည့်အတွေးနှင့် ခေါင်းငြိမ့်ပြလိုက်ပြီး ဆေးခန်းဆီသို့ မောင်းနှင်လိုက်သည်..
"Jiji သူသက်သာရဲ့လား"
"Nae oppa သက်သာပါတယ် Sooစိတ်ပူလို့ ထပ်ေခါ်လာလိုက်တာ"
***ဟင့် အမြင်ကပ်လိုက်တာ Jijiနဲ့Oppaဆိုပြီး ဖြစ်နေလိုက်တာ စမ်းသပ်တာကို သေချာမလုပ်ဖူး Sooကိုပဲကြည့်နေတာ မျက်လုံးကျွတ်ကျမတတ်ပဲ***
Jenအတွေးများစွာဖြင့် ဆူပုပ်နေမိပြီး သ၀န်တိုစိတ်လေးများကလည်း ပြေးလွှားလျက်ပင်...အချစ်လို့လည်း မခေါ်ထိုက်သေး သူ့ကို မုန်းတယ် နှိပ်စက်ချင်မိတာက ကြီးစိုးနေတော့ သူမစိတ်ထဲမှာ အချစ်ဆိုတယ့် အတွေး၀င်မလာပဲ ထူးဆန်းစွာ သ၀န်တိုမိနေတာကတော့ သူမလည်း မစဉ်းစားတတ်....
"ဆေးပဲ ဆက်လိမ်းပေးလိုက်ပါ သက်သာနေပါပြီ"
"ဟုတ်Oppa ခွင့်ပြုပါအုံးနော်"
Sooကို ပြုံးပြနှုတ်ဆက်သံကြားမှ ယခုအချိန်ကို ပြန်ရောက်လာပြီး အတွေးများကို ခေါင်းထဲက ဖယ်ထုတ်လိုက်ကာ Sooကို ထိုလူရှေ့မှ ဆွဲခေါ်လာမိသည်......
"မြန်မြန်လာ သွားမယ်"
"အာ အမြန်မသွားနဲ့လေ နင်နာနေအုံးမယ်"
YOU ARE READING
🌼 Beginning of Love 🌼
Fanfictionချစ်ခြင်းအစ မုန်းခြင်းကတယ့် ခေါင်းစဉ်မရှိတယ့်အမုန်းတွေကနေ ချိန်မြိန်တယ့်အချစ်တွေ ဖြစ်လာတယ့်အခါ .......