Part -1

28.5K 1.4K 22
                                    

Unicode

"ရွှေနဂါးစံအိမ်"

မုခ်ဦးဝမှာ ချိတ်ဆွဲထားတဲ့ ရွှေအိုရောင် စကားလုံးကြီးတွေက တဖိတ်ဖိတ် လက်လို့ ...။

ဆောင်းရာသီရဲ့ ခပ်အေးအေး လေတွေက ပတ်ဝန်းကျင်မှာ တစိမ့်စိမ့်တိုက်ခတ်လို့ ...။

စံအိမ်ရှေ့မှာ ဒူးထောက်နေတဲ့ ဖျော့တော့တော့ ယောက်ျားတစ်ယောက်ရဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှာ ရွှဲနေအောင် ကျလို့...။

မြင်ကွင်းက အရံှုးသိပ်ဆန်တယ် ။

နာကျင်ရခြင်းတွေနဲ့ ခံပြင်းခြင်းတွေက အဲ့ဒီယောက်ျားရဲ့ မျက်နှာမှာ အထင်းသား ပေါ်နေတယ်။  ဆုံးရံှူးရခြင်းတွေ နဲ့ စွန့်ပစ်ခံရခြင်း သံစဥ်တွေက အဲ့ဒီလူရဲ့ ဘေးနားမှာ ကခုန်နေသလိုပါပဲ ။

ညဥ့်နက်သထက် နက်လာတဲ့ အချိန်ကို ကြည့်ရင်း အဲ့ဒီလူက ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုလို့ တလောကလုံးကို ဟားတိုက်ပြီး ရယ်ချပစ်ချင်တယ် ။

"အမှိုက်ပဲ ရှောင်းကျန့်ရာ ! မင်းက တကယ့်ကို အမှိုက်တစ်စပါပဲလား "

ဟုတ်တယ် ။
ရှောင်းကျန့်က ချစ်ခြင်းတရားဆိုတာကို ကိုးကွယ်ရာ တစ်ခုလို ရူးသွပ်ခဲ့ပြီး ကိုယ်တိုင် ကျေကျေနပ်နပ်ကြီးကို အမှိုက်အဖြစ်ခံခဲ့တာ ။

ဆယ်နှစ် ။
အဲ့ဒီလူကို ချစ်ရခြင်းက ဆယ်နှစ်ဆိုတဲ့ သက်တမ်းတစ်ခု ကြာမြင့်တယ် ။

ပြန်ရလိုက်တာက မုန်းတီးခြင်းတွေ ။ အယုံအကြည်ကင်းမဲ့မှုတွေ ။

အမြတ်ထွက်တာက ပတ်ဝန်းကျင်မှာ ရပ်တည်လို့ မရနိုင်လောက်အောင် ကျဆင်းရတဲ့ အရှက်တွေ ။ နောက်ပြီး ဖွားဖွားရဲ့ အသက် ။

ရှောင်အိုက်ကလေးသာ မရှိရင် ရှောင်းကျန့် ဝမ်းဗိုက်ထဲ ကိုယ့်ဖာသာကိုယ် ဓား​နဲ့ ထိုးသွင်းပစ်လိုက်ပြီးပြီ ။ အခုတော့ ကောက်ရိုးတစ်မျှင်လိုမျိုး မွေးကင်းစ အရွယ်ကတည်းက မွေးစားခဲ့ရတဲ့ ရှောင်အိုက်ကို ပြန်ခေါ်ချင်ခဲ့တာ ။

အဲ့ဒီ အကြောင်းရင်း တစ်ခုတည်း အတွက်နဲ့ ရှောင်းကျန့်က သုံးနာရီကျော်ကြာအောင် စံအိမ်ရှေ့မှာ ဒူးထောက်နေခဲ့တာ ဖြစ်တယ် ။

A Trash? So what!Where stories live. Discover now