Part-7

9K 1.2K 96
                                    

Unicode

ပတ်ဝန်းကျင်က တိတ်ဆိတ်တာထက် ပိုနေတယ် ။ ကုမ္ပဏီတစ်ခုလုံးရဲ့ ရုံးသမားတွေ အကုန်အလုပ်ဆင်းသွားတာတောင် Managing Director အန်းလီဟွားရဲ့ အခန်းထဲက မီးကတော့ လင်းနေဆဲ ။

တိုင်ကပ်နာရီက ​ညနေ ​ခြောက်နာရီတိတိ ထိုးပြီဖြစ်ကြောင်း ပြတယ် ။ အန်းလီဟွားအတွက်ကတော့ မွေးနေ့တကာ့ မွေးနေ့တွေထဲ ရှန်ဟိုင်းပြန်ရောက်ပြီး ပထမဆုံး ကျင်းပတဲ့ အခုမွေးနေ့က စိတ်အပျက်ရမိဆုံးပဲ ဖြစ်လိမ့်မယ် ။ အန်းလီဟွား သက်ပြင်းမောတွေ ချလိုက်တယ် ။

လီဟွားနဲ့ ရိပေါ်က ငယ်သူငယ်ချင်းတွေ ။ နောက်ပြီး ဂုဏ်ရည်တူတွေ ။

ရွှေနဂါးရဲ့ သခင်မရာထူးနဲ့ လိုက်ဖက်တဲ့သူဟာ အန်းလီဟွား တစ်ယောက်ပဲ ရှိတယ် ။ သူမ ပေကျင်းက ကုမ္ပဏီကို ရဲရဲကြီး လက်လွှတ်နိုင်ခဲ့ခြင်း အကြောင်းရင်းကလည်း ဒါပဲ ။ ရိပေါ်နဲ့ လက်ထပ်မယ် ။ ရွှေနဂါးရဲ့ ကြွယ်ဝမှုကို ကျောထောက်နောက်ခံယူပြီး အန်းလီဟွားက ရှန်ဟိုင်း စီးပွားရေးရဲ့ ရာဇပလ္လင်ကို သိမ်းမယ်။

ရိပေါ်လည်း အဲ့ဒီအကြောင်းအရာကို ရှင်းရှင်းလင်းလင်းကို သိလိမ့်မှာပဲ ။ ယောက်ျား မိန်းမ တွဲချင်တဲ့သူနဲ့ ကြိုက်သလိုသာတွဲ တစ်နေ့ သူ့ဘေးနားမှာ ရှိမယ့် တရားဝင် ဇနီးမယားက အန်းလီဟွားသာလျှင် ဖြစ်ရမယ် ။

ဒါပေမယ့် ....

ရှောင်းကျန့် ...။
ရှောင်း...ကျန့်....။

ဒီလူက အန်းလီဟွား လျှောက်မယ့်လမ်းမှာ အကြီးအကျယ် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘာကြောင့်များ ခံစားနေမိတာလဲ ။ အဲ့ဒီလူဆီ မိမိဖုန်းကတစ်ဆင့် ရိပေါ် ပို့သွားတဲ့ message ကို အခေါက်ခေါက် အခါခါ ဖတ်ကြည့်တယ် ။ ဝမ်ရိပေါ်က ဝမ်ရိပေါ်ပဲ ။ ပို့ထားတဲ့ စာထဲ ဘာခယနေမှုမှ မတွေ့ရဘူး။ လေသံကအစ အထက်စီးဆန်တယ် ။

ဒါဆို ဘာကြောင့်များ အန်းလီဟွား စိတ်ပူနေရသေးသလဲ ။

အဖြေက ရှင်းပါတယ် ။

ဝမ်ရိပေါ်က အန်းလီဟွား အပါအဝင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဒီလိုစာမျိုး တကူးတက မပေးပို့ခဲ့ဖူးဘူးလေ ။ အန်းလီဟွား ကိုယ်တိုင်တောင်မှ သူ့အပေါ် စိတ်ဆိုးမိတဲ့အခါမျိုးမှာ ကိုယ့်ဖာသာကိုယ် စိတ်ပြန်ပြေလိုက်ရတာမျိုးချည်းပဲ။ နောက်ပြီး သူ့ဖုန်းကို ရှောင်းကျန့်က block ထားလို့ ခဏငှားစမ်းပါတဲ့လား !

A Trash? So what!Where stories live. Discover now