Part-8

8.7K 1.3K 106
                                    

Unicode

့ပြေးတယ် ။
ထုံကျင်နေတဲ့ ခြေထောက်တွေက အမှန်တကယ်ဆို ရှေ့တစ်လှမ်းလှမ်း လိုက်ဖို့ရာတောင် ခက်ခဲတယ် ။ ဒါပေမယ့် မပြေးရင် ဘယ်လိုလုပ်မလဲ ။ ရပ်ပစ်လိုက်ရင် ဘာဖြစ်သွားမလဲ ။

သူ ချစ်တာက ရိပေါ် ။
သူ့ခန္ဓာကိုယ်ကလည်း ရိပေါ်နဲ့ပဲ သက်ဆိုင်တယ်။

ခေါင်းက သောက်မိတဲ့ ကော်ဖီထဲက ဆေးအရှိန်ကြောင့် ရီဝေနေတယ် ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကမန်းကတန်း ဝတ်လာတဲ့ အဝတ်အစားတွေက ဖရိုဖရဲ ။

ရွှေနဂါးရဲ့ ပဏာမဇနီးသည် နေရာမှာ ရောက်နေမိတဲ့အဖြစ်က အတော်ဆိုးဝါးတာပဲ ။ မီးခံသေတ္တာထဲ ပြည့်နှက်နေတဲ့ စာချုပ်တွေ ၊ ရွှေချောင်းတွေ ၊ ငွေစက္ကူအထပ်လိုက်တွေကလွဲရင် ရွှေနဂါးဆိုတာက သာမာန်အိမ် တစ်ခုပါပဲ။ ချစ်ရတဲ့ ခင်ပွန်းရှိတယ် ။ သားငယ်လေး ရှိတယ်။ ရှောင်းကျန့်က အလုပ်တွေ အားတဲ့အချိန် ပန်းချီလေးဆွဲမယ် ။ ဖွားဖွားဆီ ဖုန်းခေါ်မယ် ။ ညဖက်ရောက်ရင် သားငယ် ရှောင်အိုက်ကိုဖက်ပြီး ရိပေါ့်လက်မောင်းကို ခေါင်းအုံးပြီး အိပ်မယ်။

ရိုးရှင်းတယ် ။
ဒါပေမယ့် ဘေးပတ်ဝန်းကျင်က လူတွေက ဘာဖြစ်လို့များ ရှုပ်ထွေးပစ်ချင်ရတာလဲ ။

ပြေးနေတဲ့ ရှောင်းကျန့်ရဲ့ ခြေထောက်တွေက ထုံကျင်လွန်းတယ် ။ ဦးခေါင်းက ချာချာလည်အောင် မူးတယ် ။

ပစ်လဲကျမသွားခင် ဘေးနားကို လူတစ်ယောက် ရောက်လာတယ် ။

Elvis !
..................
Elvis!!!

အိပ်မက်ပဲ ။

ရှောင်းကျန့်ရဲ့ တစ်ကိုယ်လုံးက ချွေးတွေနဲ့ ရွှဲနစ်နေတယ် ။ အရင်ဘဝက ဖြစ်ရပ်တွေကို ရှောင်းကျန့် အိပ်မက်မက်နေမိခြင်း ဖြစ်တယ် ။ လေပူတွေကို တစ်ချက်မှုတ်ထုတ်ရင်း ရှောင်းကျန့် အိပ်ရာထဖို့ ပြင်တယ် ။ ဘေးမှာ ဝမ်ရိပေါ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းပဲ ရှိသေးတယ် ။

တစ်ခုပဲ ! ရှောင်းကျန့်ရဲ့ ခါးမှာ မူလီလို လာရစ်တွယ်ထားတဲ့ ဒင်းရဲ့လက်တွေကို မနည်းဖြုတ်ချရတယ် ။  ပြီးတော့ ရှောင်းကျန့် အခန်းပြင်ကို ထွက်လိုက်တယ် ။ မီးဖိုချောင်ဖက်ကို လာရင်း ရေသောက်ဖို့ ပြင်တယ် ။

A Trash? So what!Where stories live. Discover now