𝔹𝕖 ℍ𝕒𝕡𝕡𝕪-𝕀𝕀(𝔽𝕚𝕟𝕒𝕝)

1.8K 171 26
                                    

Unicode
အိပ်မက်တွေက လူတစ်ယောက်ရဲ့ဘဝကို တကယ်သာပြောင်းပေးနိုင်ပါ့လား ငယ်ရယ်

Jeon Jung Kookဆိုတဲ့ကလေးတစ်ယောက် Tae Hyung ထာဝရအိပ်စက်သွားပြီး ၁နှစ်အကြာမှာမွေးဖွားလာခဲ့သည်။Jung Kook၏မိဘများမှာ ချမ်းသာတဲ့လူများဖြစ်သည့်အလျောက် သူ့အပေါ်လိုအပ်တာမှန်သမျှ ဖြည့်ဆည်း‌ပေးခဲ့သည်။Jung Kookသည် ပန်းချီမှာပါရမီထူးသူတစ်ယောက်ဖြစ်ကာ ငယ်စဉ်ကတည်းက ပုံများရေးဆွဲလေ့ရှိသည်။သို့သော် ထိုပုံများမှာ ရုပ်လုံးသေချာမပေါ်သေးသော်လည်း လူနှစ်ယောက်လက်တွဲနေသောပုံများသာဖြစ်သည်။Jung Kookသည် ၅နှစ်သားအရွယ်လောက်မှစ၍ အိပ်မက်တစ်ခုကို အမြဲလိုမက်ခဲ့သည်။ထိုသည်မှာလည်း လူနှစ်ယောက်ဟန်မြစ်ကမ်းနားမှာ အတူလက်ချင်းတွဲကာ လျှောက်နေသည်ပင် ဖြစ်၍ ထိုအကြောင်း ပန်းချီအဖြစ်ရေးဆွဲလေ့ရှိသော်လည်း ထိုလူနှစ်ယောက်မှာ ဘယ်သူဘယ်ဝါမှန်း သူမသိပေ။၁၀နှစ်ရောက်သည့်တိုင် ထိုအိပ်မက်ကိုသာ ထပ်ခါတလဲလဲမက်နေတော့သည်။တစ်နေ့တွင် ပျော်စရာအိပ်မက်ကနေ ရုတ်ချည်းဆိုသလို

"မောင် ငယ့်ကိုညာတယ် ငယ်နဲ့အတူအမြဲတမ်းရှိနေမယ်ဆိုပြီး မောင်ငယ့်ကိုထားခဲ့တယ် မောင်လိမ်တယ် ငယ့်တစ်ယောက်တည်း ကြောက်နေပြီ မောင်ရဲ့ ပြန်လာပါတော့နော်"

ထိူလူသားရဲ့မျက်ရည်တွေကို Jung Kookသုတ်ပေးချင်သော်လည်း လေပြေလေးလို ထိုလူသားမှာပျောက်ကွယ်သွားတော့သည်။Jung Kook အရွယ်နဲ့မမျှအောင် နှလုံးသားမှာ နာကျင်လွန်းလှသည်။အိပ်မက်ကနိုးထလာသည့်တိုင် ပါးပြင်ပေါ်မှာ မျက်ရည်စတွေနဲ့ပင်။Jung Kookထိုလူသားလေးအား အဖြူရောင်နတ်သားလေးလို့ အမည်ပေးကာ သူ့ရဲ့ပုံတူပန်းချီများစွာကိုလည်း ရေးဆွဲ‌လေ့ရှိခဲ့သည်။နောက်ပိုင်းများတွင် Jung Kook လေပြေလေးလို လွှင့်ပြန်သွားတတ်သည့် အဖြူရောင်နတ်သားလေးကိုသာ အိပ်မက်ထဲမှာ တွေ့နေရတော့သည်။သူ ထိုအဖြူရောင်နတ်သားလေးအား ထိတွေ့ချင်သည်။သူ့ရဲ့မျက်ရည်တွေကို ‌ဖယ်ရှားပေးချင်သည်။သို့သော် အမြဲတမ်း သူနဲ့ဝေးရာကိုသာ လွှင့်ပြယ်သွားတတ်သည်။အသက် ၁၅နှစ်ပြည့်မွေးနေ့သို့ရောက်သော် သူ့အိပ်မက်ထဲကို အဖြူရောင်နတ်သားလေးရောက်မလာခဲ့ပေ။Box smileနဲ့လူတစ်ယောက် Jung Kookမှတ်မိသလောက်ဆို ထိုလူမှာ သူ့ရဲ့အဖြူရောင်နတ်သားနဲ့တွဲပြီး လျှောက်လေ့ရှိသူသာဖြစ်သည်။သူ ထိုလူသားအားမနာလိုပင်။ထိုလူသားမှာ သူ့နတ်သားလေးကို ပြုံးရယ်နိုင်အောင် လုပ်ဆောင်နိုင်လို့ပင်ဖြစ်သည်။
"ခင်ဗျားဘယ်သူလဲ ဘာလို့ကျွန်တော့်ဆီကို ရောက်လာရတာလဲ"

𝔹𝕖 ℍ𝕒𝕡𝕡𝕪 (Completed)Where stories live. Discover now