Extra : New Year Special

6.6K 697 22
                                    

Unicode :

ဒီနေ့ ဆိုးလ်မှာ မိုးအသည်းအထန်ရွာမယ်လို့ အထူးသတိပေးချက်အနေနဲ့ ကြေညာထားသည်။ ထိုသတင်း‌တွေကြောင့် Jimin စိတ်ပျက်စွာ သက်ပြင်းချမိသည်။ ဆောင်းတွင်းမှာ မိုးရွာတာလောက် စိတ်ပျက်ဖို့ကောင်းတာမရှိ။ အေးရတဲ့ကြားထဲ မိုးပါအစိုခံရဦးမယ့်အဖြစ်တွေလေ။

Hoodie ကို ထပ်ဝတ်လိုက်ပြီးတော့ မှန်အကြည်ပြတင်းပေါက်ကနေ အပြင်လောကကြီးကိုငေးကြည့်မိသည်။ အဟင်း တိမ်ညို‌တိမ်မည်းတွေများ အငြှိုးကြီးကြီးနဲ့ရွေ့လာတာများ အမြင်ကပ်စရာ။ မိုးရာသီကိုမုန်းပြီး ဆောင်းရာသီကိုမှသဘောကျမိတဲ့ Jimin အတွက်တော့ ဒီနေ့တစ်နေကုန် စိတ်ပျက်စရာတွေဖြစ်နေဦးမည်။

" အမလေး ! ဟင် Jeon Jungkook ထပ်ပြီးတော့ .... "

စိတ်ပျက်လက်ပျက်နဲ့ ကျောင်းသွားဖို့ အိမ်ထဲကထွက်အလာ ခြံတံခါးဝမှာ ရပ်စောင့်နေတဲ့ လူတစ်ယောက်ကြောင့် သူကိုယ်တိုင်လည်း လန့်ဖြန့်ပြီး အနောက်ကိုခြေတစ်လှမ်းစာလောက်ဆုတ်လိုက်မိသည်။ ထိုလူသည် တခြားလူတော့မဟုတ်။ သူတက်နေတဲ့ ဆိုးလ်တက္ကသိုလ် ဂီတ
မေဂျာက အတန်းဖော်ပင်။ နှစ်စကတည်းက နှစ်ယောက်ကြားမှာ ပဋိပက္ခသေးသေးလေးတွေရှိခဲ့သည်မို့ အတန်းဖော်ဆိုတဲ့ ဆက်ဆံရေးလောက်ပဲရှိခဲ့တာမျိုး။ သို့ပေမယ့် မှတ်မှတ်ရရ ဒီဇင်ဘာလ တစ်ရက်နေ့ ‌ကျောင်းလေ့လာရေးခရီးကပြန်လာပြီးကတည်းက Jeon Jungkook ရဲ့ အချိုးတွေပြောင်းလာခြင်းဖြစ်သည်။ အရင်ကလို ဘုကလန့်နဲ့ လူတိုင်းကို ရန်လိုတတ်သော ဂီတမေဂျာမှ လူဆိုးခေါင်းဆောင်မျိုးမဟုတ်တော့ပဲ သူ့အပေါ်ကိုတော့ ထူးထူးခြားခြားကောင်းလာပေးသည်။

ကောင်းလာပေးတာက ကိစ္စတော့မရှိပေမယ့်လည်း နေ့တိုင်းနီးပါး အချိန်တိုင်းနီးပါး အနောက်ကနေ တကောက်ကောက်လိုက်ပြီး ကပ်တွယ်နေတာမျိုး၊ အရမ်းလည်းရင်းနှီးနေတာမျိုး မဟုတ်တာကို အရာရာလိုက်ပြီးဂရုစိုက်ပေးနေတတ်တာမျိုးကိုတော့ ကြည့်မရ။ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေတတ်သူ ပီပီ ဒီလိုမျိုးကျတော့ စိတ်ရှုပ်မိသည်။

စိတ်ရှုပ်လို့ မောင်းထုတ်မိတော့လည်း တခြားမေဂျာကကောင်တွေနဲ့ တစ်ကိုယ်တော် သွားချပြီး အချုပ်ခန်းထဲမှာ နေတယ်တဲ့လေ။ အာမခံပေးရမယ်ဆို‌လို့ ကိုယ်က ဘာမဆိုင် ညာမဆိုင် လိုက်ထုတ်ပေးခဲ့ရသေးတယ်။ ဘယ်လိုဘဝက ဝဋ်ကြွေးလဲတော့ မသိဘူး။

› W i n t e r F l o w e r ‹ || KM || {Completed} Where stories live. Discover now