4. Love But Hurt ❄️🌸

7.1K 896 24
                                    

Unicode :

တစ်ညမှာ သူတို့နှစ်ယောက်ထပ်တွေ့ဖြစ်ခဲ့ကြပြီး ရယ်စရာတစ်ခုအကြောင်းကိုပြောနေခဲ့ကြသည်။

အားရပါးရရယ်တတ်တဲ့ Jimin တစ်ယောက်ကတော့ Jungkook ပြောတာကိုသဘောကျပြီး ရယ်နေရာကနေ အရှိန်မထိန်းနိုင်ပဲ Jungkook ရင်ခွင်ထဲ မှီလျက်သားလေးဖြစ်သွားရလေသည်။

" ခစ်ခစ် အရမ်းရယ်ရတယ် Jungkook...."

Jimin ကတော့ ပုံမှန်အတိုင်းလေးပဲ ရင်ခွင်ထဲကပြန်ထွက်ပြီး ဆက်ရယ်နေပေမဲ့ Jungkook ကတော့ စပြီးထူးဆန်းလာတယ်။

ဗိုက်ဆာလာတယ် ~~~~

မဟုတ်ဘူး ရေဆာတာလား ~~~

အမှန်ကတော့ ရင်ခုန်နေမိတာပါ။ Vampire လေးကတော့ ဒီခံစားချက်ကို မသိရှာသေးဘူး။

" ဗိုက်ဆာလို့လား.....ဒီကိုမလာခင် ဘာမှမစားခဲ့ဘူးလား "

ဗိုက်ကိုနှိပ်လိုက် ရင်ဘတ်ကိုဖိလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ vampire ပေါက်စလေးကြောင့် Jimin လည်း အရယ်ရပ်လိုက်ပြီး မေးလိုက်သည်။

" ဟင့်အင်း သွေးအိတ်သုံးအိတ်တောင်သောက်ခဲ့တာ "

" ဟုတ်လားးး ငါ့ဆီကသွေးယူမလား "

Jimin ရဲ့စကားကြောင့် ချက်ချင်းခေါင်းခါပြလိုက်ရင်း

" ရတယ်။ အိမ်ရောက်မှသောက်လိုက်မယ်...."

အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့အတွက် လူသွေးကိုစုပ်ချင်စိတ်ပေါ်လာပြီဖြစ်ပေမဲ့ သူပထမဆံုးသောက်မိတဲ့လူသွေးက Jimin ဆီကမဖြစ်စေရဘူး။ သူထိန်းချုပ်ရမယ်လေ .... ပြီးတော့ သူတို့မျိုးနွယ်က လူသွေးမှမသောက်တာ။ အရွယ်ရောက်ရင် တစ်ခါပဲသောက်ရမှာမို့ ထိန်းချုပ်ထားရမယ်။

ပြီးတော့ လူသွေးကိုသောက်ချင်တာထက် ပိုထိန်းရခက်တဲ့ ရင်ဘတ်ထဲက ခံစားချက်ကြီးက Jungkook ဘဝမှာ ပထမဆုံးဖြစ်ဖူးတာ။ နည်းနည်းထူးဆန်းနေပေမဲ့ Jimin ကိုတွေ့တာကိုတော့ ဒါကြောင့်နဲ့ ရပ်လိုက်လို့မဖြစ်ဘူး။

လူသွေးသောက်ချင်လို့ပဲ ခံစားချက်တစ်မျိုးဖြစ်နေတာလားမသိတာမို့ နောက်နေ့တော့ ငါးအိတ်လောက်သောက်ခဲ့ရမယ်လို့ သူတွေးထားလိုက်သည်။

› W i n t e r F l o w e r ‹ || KM || {Completed} Where stories live. Discover now