5. The Final

9.1K 925 55
                                    

Unicode :

သူတို့တွေ အတန်ကြာအောင် ပွေ့ဖက်ထားခဲ့ကြသည်။ Jungkook အငိုတိတ်သွားတဲ့ အချိန်မှာ Jimin က ခပ်တိုးတိုး ပြောလေသည်။

" ဘာလို့ တုန်နေသေးတာလဲ။ စိတ်လှုပ်ရှားနေတုန်းလား "

" အင်း "

Jungkook စိတ်တွေပိုပြီး ငြိမ်သွားတဲ့ အခါမှာတော့ Jimin ကို စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ သူဘာကြောင့် တွေ့ဖို့မဖြစ်နိုင်တော့ဘူးလို့ပြောတယ်ဆိုတဲ့ အကြောင်းရယ် ယခု သူခံစားနေရသမျှ အရာအားလုံးရယ်ပေါ့။

" အခု အရွယ်ရောက်ခြင်းအတွက် လူသွေးသောက်ပြီးပြီမလား "

အနည်းငယ်စိတ်မကြည်သေးတဲ့ Jungkook ရဲ့ ပါးလေးနှစ်ဖက်ကို သူ့လက်ဖောင်းဖောင်းလေးနဲ့ အုပ်မိုးကိုင်ရင်း မေးလိုက်တဲ့ Jimin

" အင်း...."

" ဒါဆို ဘာတွေကို ကြောက်နေသေးလဲကွာ "

Vampire တွေက လူသားတွေနဲ့ အတူတူနေလို့မရဘူး သား .....

သူဒီကို ထွက်မလာခင်က သူ့ အဖေပြောလိုက်တဲ့ စကားတွေသာ သူ့နားထဲမှာ ဝေ့ဝဲနေသည်။

" အဲ့ဒါက ...."

ထိုစကားတွေကြောင့် Jungkook ထပ်မံပြီး မျက်ရည်တွေ တာကျိုးလာရပြန်သည်။

" ဟင် မင်းထပ်ငိုပြန်ပြီ။ ဘာလို့လဲကွာ "

Jimin က ခပ်ဖွဖွရေရွတ်လိုက်တော့ Jungkook က Jimin ကိုယ်လေးကို သူ့ရင်ခွင်ကျယ်ကြီးထဲ အတင်းသိမ်းကျုံးထည့်ထားကာ ဖက်လိုက်လေသည်။

" Aigoo....ငါ့ရဲ့ ကလေးဆိုးလေး။ မင်းက ကြောက်နေတုန်းပဲလား။ ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲဟင် "

Jungkook ဆီက ပြန်ဖြေတဲ့ စကားမကြားရတာကြောင့် Jimin ဘက်ကပဲ ဆက်ပြောရလေသည်။

" ငါတို့ ကတိတစ်ခုလုပ်ကြမလား "

တက်တက်ကြွကြွလေး ပြောလိုက်တော့ Jungkook က Jimin ကို ဖက်လျက်သားလေး ပြန်တုံ့ပြန်လာလေသည်။

" ဘာလဲ Jimin-ssi...? "

Jungkook ဆီက Jimin-ssi ဆိုတဲ့ နာမ်စားလေးကို သူတစ်ခါမှ မကြားဖူးတာကြောင့် ခပ်ဖွဖွရယ်ပြီးမှ စကားဆက်လေသည်။

› W i n t e r F l o w e r ‹ || KM || {Completed} Where stories live. Discover now