1

473 20 6
                                    

Intro>>>

>>>နှလုံးသားနဲ့ ဦးနှောက်တို့ ရန်ဖြစ်ရတိုင်း...ကြားထဲက နာကျင်ရတာ သူဖြစ်နေရတယ်။

မျက်ရည်နဲ့ နာကျင်မွန်းကျပ်မှုတွေကြားမှာ...ဘယ်နေ့ထိ တောင့်ခံထားနိုင်မှာမို့လဲ ဆိုတဲ့ အမေးတွေ ရောက်ရင် မနေ့ကလို ..စွံ့အနေမိတုန်းပဲ။

ဘယ်သူ့ကိုမှ...အပြစ်တွေဖို့နေလို့မရပေမဲ့...ကိုယ့်ဘာသာကိုယ်တော့ တော်တော်လေး..မုန်းတီးလာမိတာ...။

ကိုယ်တိုင်တောင် တန်ဖိုးမထားရင် ဘယ်သူကမှ လာပြီးတန်ဖိုးထားကြမှာ မဟုတ်တာကိုလည်း သိပါတယ်။

ဒါပေမဲ့....သူဘာလို့များ အသက်ရှင်နေသေးတလဲဆိုတာ တွေးမိတိုင်း ရနေတဲ့ ရှင်သန်ခြင်းကို စိတ်ပျက်မိတာလည်း အခါခါပဲ။

ဒီလို နာကျင်ဖို့သက်သက်နဲ့တော့ ...ဘာလို့များ ထပ်ပြီး ဖန်ဆင်းပေးထားရတာလဲဆိုပြီးလည်း...ဘုရားသခင်ကို အပြစ်တွေတင်မိသေးတယ်။

ရှောင်းကျန့်က သတ္တိမရှိဘူး။

ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးနဲ့ ပတ်သက်လာရင်..အရာရာ ညံ့ဖျင်းလွန်းတယ်တဲ့..။

ကြောက်ရွံ့တွန့်ဆုတ်လွန်းတယ်တဲ့...။

ကိုယ်တိုင် ရုန်းထွက်ဖို့ အားမစိုက်နိုင်ပဲနဲ့တော့....နာကျင်ပင်ပန်းနေရပါပြီလိူ့ အော်ပြောနေလည်း...အဖြေက ...ရှိလာမှာ မဟုတ်တာကို သိသိကြီးလေ။

ခုထိတော့...သူဆက်မိုက်နေမိတုန်းပဲ။

ထွက်သွားပေးချင်တယ်ဆိုတဲ့ အတွေးသက်သက် စကားလုံးတွေကတောင်.....နာကျင်လွန်းနေသေးတာ...။

တကယ့်လက်တွေ့ကို...ရင်ဆိုင်နိုင်ဖို့.....ဘယ်လိုများ အံကျိတ်ခံနိုင်မှာမို့လဲ...။

တကယ်တော့....ရှောင်းကျန့်သာရှေ့ဆက်တိုးဖို့ပဲ လိုတာဆိုတာကို...ရူးချင်ယောင်ဆောင် မေ့ထားနေသရွေ့တော့....ဆက်ပြီး နာကျင် ပင်ပန်းနေရအုံးမယ် ထင်ပါတယ်။

***************
***************

                             ⚡️Ep-1⚡️

ကားကို ခြံထဲကွေ့ဝင်လိုက်တာနဲ့....အိမ်ရှေ့ဆင်ဝင်အောက်မှာ ...ဖြစ်သလိုရပ်ထားတဲ့...ဆိုင်ကယ်အပြာရောင်လေးကို တွေ့တော့ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းလေး တွန့်ကွေးသွားတယ်။

Kway 🍁⚡️⚡️Where stories live. Discover now