ရိပေါ် အိပ်ယာနိုးတော့ ထုံးစံအတိုင်း ကိုကိုကတော့ ရှိမနေတော့ဘူး...။
ညနက်သန်းခေါင်အထိ..Game ဆော့နေတဲ့သူက နိုးလာတော့ မနက် ဆယ့်တစ်ခွဲ...။
ပုံမှန် ဆယ်နာရီဆို ကိုကိုကဆေးရုံသွားနေကျ ဖြစ်တာမို့...အခုလည်း...သူနိုးတဲ့အချိန် ကိုကိုရှိမနေခဲ့။
မနက်အိပ်ယာနိုးတိုင်းလုပ်နေကျထုံးစံကတော့ ကိုကို့ အခန်းထဲ ဝင်ကာ...ကိုယ်သင်းနံ့လေးရှိနေတဲ့ ကိုကို့ရဲ့ ခေါင်းအုံးလေးကို ခပ်တင်းတင်းဖက်ရင်း နမ်းရှိုက်မိတာမျိုးပေါ့...။
သူ့ဘက်က ကိုကို့ကို တမင်ရှောင်ဖယ်ပြီးနောက်ပိုင်း....ကိုကို့ရဲ့ ကိုယ်ငွေ့လေးကိုတောင် သူထိတွေ့ခွင့်မရတော့ဘူး..။
တစ်ခန်းစီ ခွဲအိပ်ကြတာ ကြာပြီဖြစ်သလို..လူနှစ်ယောက်...အတူရှိနေကြတယ်ဆိုထာထက် ဘာမှကို မထူးခြားနေတော့တဲ့ သူတို့ရဲ့ အိမ်လေး။
ဒါက ရိပေါ်ကိုယ်တိုင်ဖန်တီးယူခဲ့တာ..။
ဒါပေမဲ့...အသက်ရှုရပ်မသွားခင်..ကိုကို့ကို လိုအပ်နေသေးတဲ့သူ့ကိုယ်တိုင်လည်း...ကြေကွဲရပါတယ်..။
ဘယ်အထိများ နာကျင်နေရအုံးမှာလဲ...။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လုံးဝ နာကျင်မှုမရှိတော့လို့...ကြောက်ရွံတုန်လှုပ်နေရသလို..အတွင်းနှလုံးသားက နာကျင်ရတဲ့ဒါဏ်ကိုလည်း ဆက်ပြီးသည်းမခံနိုင်တော့မှာ စိုးတယ်..။
ကိုကို့ကို လိုအပ်လာတိုင်း...ကိုကို့ အငွေ့အသက်တွေကပ်ညိနေသေးတဲ့ ကိုကို့ အသုံးအဆောင်တွေကို တိတ်တဆိတ် ယူသိမ်းထားမိတဲ့သူဟာ...စိတ္တဇသမားတစ်ယောက်လိုမျိုး...။
ကိုကိုသုံးပြီး လွှင့်ပစ်ထားတဲ့ တစ်ရှူးလေးကိုတောင်..မက်မက်မောမော သိမ်းနေမိတဲ့အထိ ကိုကို့ကို တမ်းတရတယ်...။
မျက်စိရှေ့မှာရှိနေပြီး...အဲ့ဒီ့အမြဲနွေးထွေးနေတတ်နဲ့..မျက်ဝန်းကြည်ကြည်လေးတွေကို...ဥပေက္ခာပြုပြီး မုန်းနေဟန်ဆောင်ရတာ အရမ်းပြိုလဲရပါတယ်...။
ပြိုလဲရတဲ့ဒါဏ်ကို မခံနိုင်လို့...သူထွက်သွားမယ်ဆိုရင်ရော...။
YOU ARE READING
Kway 🍁⚡️⚡️
Fanfictionဖမ်းဆုပ်ထားရတာက....စွန့်လွှတ်လိုက်ခြင်းထက်အများကြီး ပင်ပန်းလွန်းတယ်ဆိုတာ...နားလည်လာတဲ့အခါ.....!