" ကိုကို.."
ပန်းခြံဘေးက ခုံတန်းလေးမှာ ရေခဲမုန့် ထိုင်စားနေတဲ့ ရိပေါ်တစ်ယောက် လမ်းတဖက်ခြမ်းsouvenir ဆိုင်ရှေ့က ပုံရိပ်လေးကို ဖျက်ကနဲ မြင်လိုက်တာမို့...ဆတ်ကနဲ မတ်တပ်ရပ်လိုက်တယ်...။
ခဲရောင်ပေါ် ...လိမ္မော်ရောင်အချို့ ရောယှက်ထားတဲ့ ဆွယ်တာ အပွကြီးဝတ်ထားတဲ့...ပိန်ပိန်ရှည်ရှည် အမျိုးသားဟာ...သူ့ကိုကိုပါလို့ ယုံကြည်ပြီးတဲ့နောက်...လမ်းတဖက်ကို ..ဖြတ်ကနဲ ပြေးလိုက်ရင်း..
"ကိုကိုး...ကိုကိုရှောင်းကျန်း"
ရိပေါ်ရဲ့..ခေါ်သံကြောင့်ထင်ပါရဲ့...။
လူအချို့က လှည့်ကြည့်လာကြတယ်..။
ဒါပေမဲ့...ကိုကိုကတော့..မကြားတဲ့အလား...ဆိုင်ရှေ့လမ်းကြ
မ်းပြင်က...manhole အဖုံးကို ဓါတ်ပုံရိုက်ဖို့သာ...အာရုံစိုက်နေပုံရတယ်...။"ပေါ်ကော.."
" ....."
ရုတ်တရက် အဆွဲခံလိုက်ရတဲ့လက်နဲ့...ပြန်လှည့်ကြည့်လိုက်တော့ အနီရောင်ဆွယ်တာလေးနဲ့..အမျိုးသမီးတစ်ဦး..။သူသိသလိုလိုပေမဲ့ မသိနေပြန်ဘူး။
" ဘာ..ဘာလို့လဲ..။ ကျနော့်ကို သိလို့လား.."
" ပေါ်ကောရယ်..ဘယ်မှထမသွားပါနဲ့လို့ သေချာမှာခဲ့တာကို.."
သူမေးတာကို မဖြေပဲ...ရိပေါ်နားမလည်တာတွေ ပြောနေတာမို့...ဆွဲထားတဲ့ အမျိုးသမီးလက်ကို ခပ်ကြမ်းကြမ်း ဖြုတ်ချပြစ်လိုက်တယ်..။
" ဆောရီး...၊ အား...ငါဒီကို ဘာလာလုပ်တာပါလိမ့်.."
ခေါင်းတွေကို ဆွဲဖွရင်း လက်ရှိအခြေနေကိုအပြေးအလွှားပြန်စဉ်းစားမိတော့...ထုံးစံအတိုင်း...သူ့ဦးနှောက်က ဗလာကျင်းနေပြန်တယ်..။
ရုတ်တရက်...ငါအတိတ်မေ့သွားတာလားဆိုတဲ့ ခံစားချက်နဲ့...ပူထူသွားပြီးတဲ့နောက်...မျက်စိရှေ့က လူရိပ်တွေဟာ တဖြည်းဖြည်း ဝေဝါးလို့။
မဖြစ်ဘူး...။
လော့ယွယ်ကို ရှာမှ ရမယ်...။
စိတ်ပြေလက်ပျောက်...လေကောင်းလေသန့်ရအောင်လမ်းလျှောက်ရမယ်ဆိုပြီး...ဒီပန်းခြံထဲ သူ့ကို ခေါ်လာတဲ့ လော့ယွယ်က...Toilet သွားနေတာ အဲ့ဒီ့လောက် ကြာနေရလား...။
YOU ARE READING
Kway 🍁⚡️⚡️
Fanfictionဖမ်းဆုပ်ထားရတာက....စွန့်လွှတ်လိုက်ခြင်းထက်အများကြီး ပင်ပန်းလွန်းတယ်ဆိုတာ...နားလည်လာတဲ့အခါ.....!