3လကြာပြီးနောက်
'ဟူး...... နောက်ဆုံးတော့ဇာတ်လိုက်ကိုတွေ့ရတော့မှာပါလား'
"အကြီးအကဲ ဂိုဏ်းချုပ် ကမှာလိုက်ပါတယ် ဂိုဏ်းသားရွေးချယ်ပွဲမကြာခင်စပါတော့မယ်"
"ကောင်းပြီ ငါလာခဲ့မယ် မင်းပြန်လို့ရပြီ'
"ဟုတ်"
သူ ဂိုဏ်းသားရွေးချယ်ပွဲကို ရောက်တော့ စင်မြင့် တွင် ဂိုဏ်သားအသစ်တေအားလုံးရောက်နေကြပြီး
သူကိုလူတိုင်းကဝိုင်းကြည့်နေကြသည်
ဟုတ်တာပေါ့ သူက သူ့စံအိမ်ထဲကနေ မှ မထွက်တာကိုး
အကြီးအကဲ ၁၁ ယောက်: "ကြိုးကြာဖြူအကြီးအကဲ"
သူမျက်လုံးတစ်ဝှေ့ပဲကြည့်လိုက်တယ်
ဒါသူ့စရိုက်ဘဲ
"အစ်ကိုကြီး အစ်ကို၂"
အစ်ကိုကြီး:"ညီ ၃ ရပြီ"
အစ်ကို ၂:"ညီ ၃ ထိုင်လေ"
'ဟူး ဒီ လူ အရမ်းကံကောင်းတယ် သူ့ကိုချစ်တဲ့ ဆရာတူ အစ်ကို ၂ ယောက်ရှိတယ် ပြီးတော့အားလုံးကလည်း သူ့ကို လေးစားကြတယ် အားကျလိုက်တာ'
<host missionလုပ်ရအုံးမှာမမေ့နဲ့နော်>
'အေးပါမမေ့ပါဘူး'
စိတ်ထဲတွင် Systemနှင့်ပြောရင်းနေရာဝင်ထိုင်လိုက်ပြီး စင်မြင့်ထက်လှည့်ကြည့်လိုက်တော့တွေ့ပါပြီ ဇာတ်လိုက် ကို
ဇာတ်လိုက်ဆိုတဲ့ အတိုင်း အားလုံးနဲ့ကွဲထွက်နေတာပေါ့
"အစ်ကိုကြီး ဟိုကောင်လေးကိုကျွန်တော့် တပည့်အဖြစ်လိုချင်တယ်"
သူ့ညီ ၃ လက်ညိုးထိုးပြတဲ့အတိုင်းလိုက်ကြည့်တော့ အပြာရောင်ဝတ်စုံနဲ့ကောင်လေးကိုတွေ့လိုက်တယ်
အစ်ကိုကြီး :"ညီ ၃ မင်းထပ်မစဥ်းစားတော့ဘူးလား"
"အစ်ကိုကြီး ကျွန်တော့် ဆုံဖြတ်ချက်ကိုပြန်မပြင်နိုင်ဘူး
အစ်ကိုကြီး:"ကောင်းပြီလေ ကျောက်မင် ဟိုဝတ်စုံအပြာနဲ့ ကောင်လေးကိုသွားခေါ်ခဲ့"
ကျောက်မင်:"ဟုတ်ကဲ့ ရှစ်ဇွင်း"
ကျောက်မင် က ဇာတ်လိုက်ကိုခေါ်လာတော့ဂိုဏ်းချုပ်:"ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ"
"လန်ဖုန်းပါ ဂိုဏ်းချုပ်"
ဂိုဏ်းချုပ်:"အခုကစပြီး မင်းဆရာ ကသူဖြစ်သွားပြီ"
သူ့ဘက်ကိုညွှန်ပြီးပြောလိုက်တယ်
"ဒီတပည့် လန်ဖုန်း ရှစ်ဇွင်း ကို ဂါရဝပြုပါတယ်"
"အစ်ကိုကြီး ဒါဆိုကျနော် သွားတော့ မယ်
လန်ဖုန်းနောက်ကလိုက်ခဲ့"
********************
ကြိုးကြာဖြူ စံအိမ်တွင်
"လန်ဖုန်း မင်း ကအခုချိန်ကစပြီးငါ့ရဲ့ ပထမတပည့်ဖြစ်သွားပြီ
မင်းအိပ်ဖို့အခန်းက ဟိုဘက်အခန်း"
"ဟုတ်ကဲ့ရှစ်ဇွင်း"
"မနက်ဖြန်ကျမှ မင်းနဲ့ ကိုက်ညီမယ့် ကျင့်စဥ်ရှာပေးတော့မယ် မင်း ရေသွားချိုးပြီးနားလိုက် ငါတရားထိုင်လိုက်ဦးမယ်"
"ဟုတ်.......ရှစ်ဇွင်း"
<side mission ပြီးမြောက်သွားပါပြီ>
'ဟူး.......ဇာတ်လိုက်ကတစ်အားချောတာဘဲ
ငါ့မှာမတရားထိန်းထားရတယ်'
^ငါ့host က နှာဘူးဘဲဟ^
'system ငါ့အမှတ် ဘယ်လောက်ရှိလဲ'
<400points ရှိတယ် host>
'ဇာတ်လိုက်နဲ့သင့်တော်တဲ့ကျင့်စဥ်ရှာဖို့ဆိုရင်ဘယ်လောက်သုံးရမလဲ'
<300points ပါ host>
'ဟာများလိုက်တာ'
<ဒါဆို Host ကိုယ်တိုင်ရှာပေးလိုက်လေ>
'ဟဲဟဲ Systemလေးရယ် သုံးပါ့မယ်ရှာပေးနော်'
<ရတယ်မနက်ရောက်ရင်ပြောပြမယ်>
'ဒါနဲ့လေ system ဟိုဟာ မင်းပြောသလိုဆို ငါကဇာတ်လိုက်ကို ငါ့ဘက်ပါအောင် လုပ်ရမှာဆ်ုတော့ ရယ် ယောကျာ်းလေးကိုယ်ရယ်ကြောင့် ငါဘယ်လိုလုပ်ရမလဲ'
^hostသိချင်ရင် hostအတွက်စာအုပ်တွေရှိပါတယ် ^
'ဟုတ်လားပြစမ်းပါအုံး'
:ကျေးဇူးပြု၍..ရှစ်ဇွင်း: အောက်ပုဂ္ဂိုလ်အလှလေး၏ ဖြားယောင်းခြင်း:အိပ်ရာပေါ်မှတိုက်ခိုက်နည်း ၅၀၀:
^ဘယ်တစ်အုပ်လိုချင်ပါသလဲ host ^
'ငါ...'
'ငါ ဒုတိယတစ်ခုယူမယ်'
^ဟုတ်ကဲ့ ဒီမှာပါhost^
systemရဲ့စကားသံနဲ့အတူ သူ့လက်ထဲကို အဝါရောင်စာအုပ်လေး ရောက်လာသည်။
🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉
System ရှာပေးထားတဲ့ ကျင့်စေဥ်လေးကိုကိုယ်တော့သိချင်နေပြီ