Arc 2 (part 2.7)Unicode

642 50 0
                                    

'System ဇာတ်လိုက်မ ဘယ်ရောက်နေပြီလဲ'
<အခုကွေ့ဟွားမြို့ကိုလာနေတဲ့လမ်းမှာပါ မနက်ဖြန်ဆိုရင်ကွေ့ဟွားမြို့ကိုရောက်ပြီ>
'ငါ့mission bar မှာဘယ်ရာခိုင်နှုန်းပြီးပြီလဲ'
<10% ပဲပီးသေးတယ်>
'..........'
<ဒါတောင် side missionလုပ်ပီးသွားလို့>
'ပျင်းတယ် အိပ်တော့မယ်'
".......ဝါး......."

🌞🌞🌞🌞🌞🌞🌞🌞

မနက်ခင်းနေရောင်ခြည်ကသူ့မျက်နှာပေါ်ဖြာကျလာသောကြောင့် သူမျက်မှောင်ကြုတ်မိလိုက်သည်ပြီးမှ အိပ်ရာမှထကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်
အောက်ထပ်ရောက်တော့
'အကိုကြီး,အကို၂,ကျောက်မင်,ဝေ့ပင်း,လန်ဖုန်းတို့မနိုးသေးဘူးထင်တယ်'
"စားပွဲထိုး ငါ့ကိုစံပယ်လက်ဖက်ရည် ၁အိုး နဲ့ ဇီမုန့်ချို ၁ပွဲ ချပေး"
"ဒီမှာ ဧည့်သည်မှာထားတာတေပါ"
စားပွဲထိုးလေးထွက်သွားတော့စံပယ်လက်ဖက်ရည်ကို ခွက်ထဲထည့်ပြီးတစ်ငုံလောက်သောက်ကြည့်လိုက်တော့ မွှေးပျံ ချိုမြိန်ပြီးတော့နွေးထွေးတဲ့ လက်ဖက်ရည်ကလည်းချေင်းတစ်လျှောက်စီးဆင်းသွားပြီးတော့ဝမ်းဗိုက်ကိုနွေးထွေးစေပြီးတော့သက်သောင့်သက်သာရှိစေတယ်
ဇီမုန့်ချိုကိုလည်းတစ်ကိုက်စားလိုက်တော့ချိုချိုချဥ်ချဥ်အရသာလေးကိုခံစားလိုက်ရယ် သူ့ကိုထပ်ပြီးတော့စားချင်လာအောင် ဆွဲဆောင်နေသလိုမျိုးဘဲ
'စံပယ်လက်ဖက်ရည်နဲ့ဇီမုန့်ချိုကအရမ်းကိုလိုက်ဖက်တာဘဲ'
"အဟမ်း ရှစ်ဇွင်း မနက်စာစားပီးပီလား"
"အင်း စားပီးပီ
နေပါအုံး မင်းကဘယ်ကနေပြန်လာတာတုံး အကိုကြိးတို့ရော"
"ကျနော်မြို့ထဲ ခဏလျှောက်ကြည့်ပြီးပြန်လာတာ ဂိုဏ်းချုပ်နဲ့အကိုကျောက်မင်တို့ဘယ်သွားမှန်မသိဘူး ဒါပေမဲ့ ဒုဂိုဏ်းချုပ်နဲ့အကိုဝေ့ပင်း တို့ကတော့ဝယ်စရာရှိလို့ဆိုပြီးအပြင်ထွက်သွားတယ် ဒါနဲ့ ရှစ်ဇွင်းရော သွားစရာရှိလို့လား"
"ငါစျေးထဲနည်းနည်းလောက်လမ်းလျှောက်ကြည့်မလားလို့ မင်းရောလိုက်မှာလား"
"လိုက်မှာပေါ့"

🚗🚗🚗🚗🚗🚗🚗

Mission To Revenge🦊🦊🦊{ Arc 2}[Complete]Where stories live. Discover now