'5 နှစ်ကြာပြီးသည့်နောက်´
လျှိုဝှက်နယ်မြေတစ်ခု၏ အဝင်ဝ ၌ လူငယ်တစ်ယောက်ပေါ်ထွက်လာလေသည်။ ထိုလူငယ်၏ ကြည့်ကောင်းသောရုပ်ရည်နှင့် အရှိန်အဝါများကြောင့် ထိုလူငယ်ကို အမတနတ်ဘုရားတစ်ပါးအသွင်ထင်မှတ်မှားစေရသည်။
လန်ဖုန်း လျှို့ဝှက်နယ်မြေထဲကနေထွက်လာပြီး ဂိုဏ်းဆီသို့ပြန်ဖို့ပြင်လိုက်တော့သည်။ ဒီနေ့က သဘောတူညီချက်အတိုင်း၅နှစ်ပြည့်သည့်နေ့ဖြစ်သည်။ သူဘယ်လောက်ပဲအကြင်သူကိုလွမ်းနေပါစေ သူချုပ်တည်းထားရပြီမို့ အလျင်လိုနေမိသည်။
အခုလန်ဖုန်းက လွန်ခဲ့တဲ့ ၅နှစ်ကလန်ဖုန်းနဲ့ကွဲပြားခြားနားလေသည်။ အရင်၅နှစ်ကလန်ဖုန်းကို မရင့်ကျက်သေးသည့် ကလေးငယ်တစ်ယောက်ဆို အခု လန်ဖုန်းက ရင့်ကျက်ပြီးသည့်အမျိုးသားတစ်ယောက်ပေ။
'ယိုးဟွားဂိုဏ်း´
*မဟာခန်းမဆောင်*တူညီတဲ့နေရာ တူညီတဲ့အချိန် နဲ့ တူညီတဲ့ လူအရေအတွက် လွန်ခဲ့တဲ့ ၅နှစ် ကအတိုင်းပင်။ ဘာမှမပြောင်းလဲသွားဘူးလို့ထင်ရပေမဲ့ ပြောင်းလဲသွားသည့် အရာတွေက အများကြီးပင်။ ဥပမာ ကျောက်ရှုစ်ရှုန်း(ကျောက်မင်)၊ နှင့် ဝေ့ရှုစ်ရှုန်း(ဝေ့ပင်း)တို့သည် အသီးသီးတာဝန်များထမ်းဆောင်နေပြီဖြစ်သည်။
လူစုံတတ်စုံရှိနေပါသော 'မဟာခန်းမဆောင်´အတွင်း
"အင်း တိုးတက်လာသားပဲ"
"အဲ့တာဆို ရှစ်ဇွင်းသဘောတူတယ်ပေါ့"
"အင်း သဘောတူတယ်။ ရှုစ်ရှုန်းတို့ရောပြောစရာရှိလား"
"ရှစ်တိအဆင်ပြေရင်ပြီးတာပါပဲ"
"အဲ့တာဆို မနက်ဖြန် အစဥ်အလာအတိုင်းဆောင်ရွက်တာပေါ့"
"ကောင်းပြီ"
____________________________စစ်စတမ်ရဲ့ တိုက်တွန်းချက်အရသာလက်ခံလိုက်ခြင်းဖြစ်ပြီး မိမိသည် လန်ဖုန်းကိုလုံးဝစိတ်ဝင်စားခြင်းမရှိသည့်အတွက် နောင်လာမည့်နေ့ရက်များကို ရင်ဆိုင်ဖို့အစီစဥ်များချမှတ်ရလေသည်။
________________________________
°°°°°°°°°°°°°°°°°°°°°°°°°°°°°
------------------TBC-------------------
Lian