Part_2

358 71 7
                                    

"လွန်ခဲ့တဲ့ 17နှစ် မတိုင်ခင်တုန်းကငါတို့ရွာက အရမ်းအေးချမ်းတဲ့ရွာလေးပါ တစ်နေ့ ငါတို့ရွာကို ခရစ်ယာန် သာသနာပြုအသင်းဆိုပြီး လူတစ်စု ရောက်လာတယ်
ဘာသာရေးလိုက်စားတဲ့ ငါတို့ရွာအတွက်
အဲ့ဒီလူတစ်စုက ဘုရားသခင်ရဲ့ ကောင်းချီးလက်ဆောင်ဖြစ်နေတာပေါ့

အဲ့ဒီလူတွေက ငါတို့ရွာထဲမှာရှိတဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက လိမ္မာရေးခြားရှိအောင် စာသင်ကျောင်းတွေထက် ဘုရားကျောင်း အရင်တက်သင့်တယ်လို့ ပြောတယ်

ဘာမှမသိတဲ့ လူကြီးတွေကလည်း ထောက်ခံကြတယ် နေ့တိုင်း အစည်းအဝေးလုပ်တယ် ဘာသာရေးနဲ့ ပတ်သက်တာ အကုန်အစုံပါပဲ

အဲ့လိုနဲ့ပဲ လူကြီးတွေက ကလေးတွေကို ကျောင်းမပို့တော့ဘဲ သူတို့ဆီ ပို့လိုက်ကြတယ် လိမ္မာယဉ်ကျေး‌ေစချင်တဲ့စေတနာနဲ့။
ဒါပေမဲ့ သူတို့က ထပ်ပြောတယ်
ကလေးတွေကို သုံးနှစ်တိတိ သူတို့စောင့်ရှောက်ထားမယ် မိဘတွေရော ဆွေမျိုးတွေရော လာတွေ့ခွင့်မရှိဘူးတဲ့
ဒီသုံးနှစ်အတွင်း လိမ္မာယဉ်ကျေး
အောင် တာဝန်ယူပါတယ်တဲ့

သိတဲ့အတိုင်း ကျေးလက်မိဘတွေဆိုတော့ ကလေးတွေကို သေချာမစောင့်ရှောက်နိုင်တော့ ဒီလူတွေက မိဘတွေအတွက် အားကိုးရာဖြစ်ပြန်တယ်

လူယုတ်မာတွေက ဒီလောက်နဲ့မရပ်ဘူး
ဒီရွာကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
သူတို့လိုလားတယ် ဘာညာပြောပြီး ရွာသားတွေရဲ့ ကိုယ်ပိုင် တောင်ယာခင်းတွေ လယ်တွေဆီက ရသမျှပိုက်ဆံ သုံးပုံနှစ်ပုံကို သူတို့ဆီမှာ ရင်းနှီးမြုပ်နှံစေတယ်
ပိုက်ဆံပွားပေးတယ်ပေါ့
အစကတော့ တကယ်အမြတ်များများရတော့ လူတွေက ယုံကြည်ကြတယ်
သူတို့ကလေးတွေကို စောင့်ရှောက်တယ်
ရင်းနှီးမြုပ်နှံတာလည်း အမြတ်များတော့
မျက်လုံးစုံမှိတ်ယုံလာကြတယ်
တစ်ရွာလုံး brainwashing လုပ်ခံရတာသူတို့မသိကြဘူး

နောက်တော့ ယောက်ျားတွေက အကျင့်ပျက်လာတယ် အလုပ်မလုပ်ကြဘဲ သောက်စားပျော်ပါးလာတယ်
လောင်းကစားတွေလုပ်လာတယ်မိန်းမတွေကလည်း အဲ့ဒီလူတွေနဲ့ ဖောက်ပြန်လာကြတယ်လူတိုင်းတော့ မဟုတ်ဘူး

ကျေးလက်ဖူးစာWhere stories live. Discover now