Part_5

334 78 3
                                    

"ဟိ ဟိ"

"ရယ်မနေနဲ့မင်းကြောင့် ငါသေတော့မလို့"

ချန်းယောလ်က ခပ်ဆောင့်ဆောင့်‌ေအာ်ပစ်
လိုက်သည်။

"ဒါနဲ့ မင်းဒီည ပြန်ဖို့အဆင့်သင့်လုပ်ထား"

ဘတ်ခ်ဟျွန်း ခေါင်းညိတ်ပြလိုက်သည်။

"မပြန်ခင်ရောက်တုန်းရောက်ခိုက် ရွာတစ်ပတ် ပတ်အုံးမယ်"

"လျှာမရှည်စမ်းပါနဲ့ မင်းကိုယ်မင်း ပျော်ပွဲစားထွက်လာတယ်ထင်နေလား"

ဘတ်ခ်ဟျွန်းက လမ်းလျှောက်ရင်းအငြိမ်မနေဘဲ တုတ်တစ်ချောင်းနှင့် သစ်ရွက်တွေကို
တဗျန်းဗျန်းရိုက်နေသည်။

"ဘာလို့သစ်ရွက်တွေ ရိုက်နေတာလဲ ပေး အဲ့ တုတ်"

ချန်းယောလ်သည် ဘတ်ခ်ဟျွန်းလက်ထဲက တုတ်ကို ဆွဲယူသည်။

"ချန်းယောလ်ရှီမှာ ရည်းစားရှိလား"

"ပေါက်ကရမမေးဘဲ လမ်းကိုသာတည့်တည့်လျှောက်စမ်းပါ"

တော်တော်စပ်စုတဲ့ကောင်။

ငါ့မှာရည်းစားမရှိဘူးဆိုရင်သူက ဘာလုပ်မှာလဲ။

"ချန်းယောလ်ရှီကလည်း မပြန်ခင်ရင်းရင်းနှီးနှီးနေရအောင်ပါ ကျွန်တော့်မှာရည်းစား မရှိဘူး"

ဘယ်သူက သိချင်နေလို့လဲ။သာလိကာလားဘာလားသူက။ အခုနကတော့ ရွာသားတွေရှေ့မှာ ချစ်တယ်တို့ ဘာတို့....။

"ကျေးဇူးတင်ပါတယ် ကျွန်တော့်ကိုကယ်ပေးတဲ့အတွက် ပြီးတော့ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် ချန်းယောလ်ရှီ လိုချင်တာရှိရင် ပြော ကျွန်တော်ကူညီမယ်"

"ဘာမှ မလိုချင်ဘူး"

"အဟေး..ဟေး ပြောပါဗျာ ကျွန်တော်က ကျေးဇူးရှိရင်ချက်ချင်းပြန်ဆပ်တတ်တဲ့လူမျိုး"

"တကယ်လား"

"သေချာတာပေါ့"

ဘတ်ခ်ဟျွန်းက ချန်းယောလ်နှင့်ယှဉ်တွဲကာလမ်းလျှောက်နေရင်းမှ ချန်းယောလ်ရှေ့သို့ဆွေကနဲခုန်ကာ လမ်းပိတ်ရပ်ရင်း ပြန်ဖြေသည်။

"ဒါဆို ပါးစပ်ပိတ်ထားပြီး လမ်းတည့်တည့်လျှောက်"

ဘတ်ခ်ဟျွန်း မကျေမနပ်ဖြင့်လမ်း‌ဖယ်ပေးလိုက်သည်။

ကျေးလက်ဖူးစာWhere stories live. Discover now