Part_3

344 78 4
                                    

အဝတ်ဘီဒိုသေးသေးလေးသည် ဘတ်ဟျွန်းကိုယ်လုံး ဆန့်ရုံမျှသာ ရှိသည်။

လူ့အသားကို ကိုက်ရုံအားမရသော ခြင်ကောင်တွေသည် နားစည်တည့်တည့် တဝီဝီမြည်နေသည်မှာ စိတ်ရှိလက်ရှိ ထုရိုက်ပစ်ချင်စရာကောင်းသည်။

ဘတ်ခ်ဟျွန်း ဘီဒိုနံရံကို နားကပ်ကာ အပြင်က အသံတွေကို နားစွင့်နေလိုက်သည်။

"ချန်းယောလ် မင်းအိမ်ကို လူစိမ်းတစ်ယောက်ဝင်သွားတယ်လို့ သတင်းရလို့"

" မြင်တဲ့အတိုင်း ကျွန်တော် ကော်ဖီမှုန့်ကြိတ်နေတာ ဘယ်လူစိမ်းမှ ဝင်မလာပါဘူး"

ထို လူတစ်စုဝင်လာချိန် ချန်းယောလ်သည် တကယ်ပဲ ကော်ဖီမှုန့်ကျိတ်နေတာဖြစ်သည်။

"ငါတို့အိမ်ရှေ့မှာ ဖိနပ်အသေးတစ်ရံတွေ့လို့ပြီးတော့မင်းက ငြိမ်နေတော့..."

" အာ ဖိနပ်က ငါငယ်ငယ်တုန်းက ဖိနပ်ပါ"

သိပ်မယုံချင်သော်လည်းချန်းယောလ်ရဲ့ ခပ်တည်တည်မျက်နှာထားကြောင့် ဇွတ်မလုပ်ရဲ။

"အေးပါ ငါတို့ကရွာ ထဲလူစိမ်းဝင်လာရင် ဖမ်းပြီး သတ်ရမဲ့တာဝန် ငါတို့တာဝန်
ဧည့်သည်ဆိုတာ သေသင့်တဲ့သူတွေပဲ

အမလေး လေး...ကြောက်တယ် မြန်မြန်ပြန်မှဖြစ်မယ်။

ဘတ်ခ်ဟျွန်းမှာနားထောင်နေရင်း ကြက်သီးထကာ ချွေးပြန်လာရသည်။

"မြင်တို့အမြင်မှားတာ ဖြစ်မှာပါ နောက်ကျနေပြီ ငါအိပ်တော့မယ် ရှာချင်တယ်ဆိုလည်း ရှာကြည့်ကြလေ"

"မရှာတော့ပါဘူး ဒါဆိုငါတို့ပြန်မယ် မင်းလည်းသတိဝရီယနဲ့နေအုံး"

"အင်းပါ လူစိမ်းတွေ့ရင်
ငါကိုယ်တိုင်ဖမ်းခေါ်လာပေးမယ်"

ချန်းယောလ်ဆိုတဲ့လူကြီးရဲ့ အဖြီးတော်ပုံကို ဘတ်ခ်ဟျွန်းနားထောင်နေရင်း
သဘောကျနေမိသည်။

"ကျွိ ကျွိ"

ဘာလဲ ....ကြွက်..ကြွက်လား???

လောကကြီးမှာ အကြောက်ဆုံးသည် အမေနဲ့အဖေပြီးရင် ကြွက်ပဲ ဖြစ်သည်။

ဘတ်ခ်ဟျွန်းမတွေးမဆုံးခင်မှာပင် လက်ပေါ်တက်လာသော အိပျော့ပျော့အရာ။

ကျေးလက်ဖူးစာWhere stories live. Discover now