PART - 4

382 36 0
                                    

အိမ်​ရှေ့စံနှင့်ကြင်ယာ​တော်တို့
အရှင်မင်းကြီးကိုသွားဖူး​​မြော်ရာ......

* ဟာ... အစ်ကိုရှင်းချန် !!!!!!
 
  ဟုတ်တယ်...ဒါအစ်ကိုရှင်းချန်နဲ့ရုပ်အတူတူပဲ...*

.........................................

​ရှောင်ဟန်၏ကိုယ်ပိုင်ဘဝတုန်းက...

​ငါကမိဘမဲ့က​လေးတစ်​ယောက်...
အမြဲတမ်း​ကျောင်းကလူ​တွေအနိုင်ကျင့်တာကို
ခံရတယ်...အာ့လိုအချိန်ဆိုအကူအညီ​ပေး​နေကျက
အစ်ကိုရှင်းချန်ပဲ...

ဒဏ်ရာရလာပြီဆိုရင်အမြဲ​ဆေးလိမ်း​ပေးတယ်
ဗိုက်ဆာပြီဆိုမုန့်ဝယ်​ကျွေးထမင်းဝယ်​ကျွေးတယ်
သူနဲ့ဆိုရင်ညီအစ်ကိုလိုခံစားရတယ်...

ဒါ​ပေမယ့်......
​​ငါနဲ့မုန့်စားမယ်ဆိုပြီးချိန်းထား​တဲ့​နေ့...
ရှင်းချန်ကကားတိုက်ခံခဲ့ရတယ်...ပြီး​တော့
Coma ဝင်ပြီးဒီ Novel ထဲကိုမဝင်ခင်အထိ
သူသတိမရခဲ့​သေးဘူး...

.........................................

* တကယ်ပဲအစ်ကိုရှင်းချန်လားဟင် *

ဟန်အာ့မျက်လုံးများစိုစွတ်လာသည်ကို
မင်းကြီးက​တွေ့သဖြင့်

" ​နေ​ကောင်းရဲ့လား ဟန်အာ ??? "

" ဟန်အာ​နေ​ကောင်းပါတယ်...
  အရှင်မင်းကြီးကျန်းမာပါစ... "

" ​ငါကကျန်းမာလို့​ဒေါင်​ဒေါင်မြည်ပဲ ဟားဟားး "

" ဟန်အာ...အိမ်​​ရှေ့စံနဲ့အဆင်​ပြေရဲ့လား "

" ဖခမည်း​တော်...ကျွန်​တော်တို့အဆင်​ပြေပါတယ် "

" ​အော်...​ပြေ​ရင်​ကောင်းပါတယ်...​ကောင်းပါတယ်
  ဟန်အာ...ဘာမှကိုမမှတ်မိတာလား..."

" ဟန်အာစိုးရွံ့မိပါတယ်...တကယ်ဘာဆိုဘာမှ
  မမှတ်မိတာပါ ဟီးဟီးးး "

ဟန်အာကပြုံးပြလိုက်သဖြင့်မင်းကြီးလည်း
စိတ်သက်သာရာရကာ...

" မင်းဒီလိုမပြုံးတာကြာပြီပဲ... "

" ဖခမည်း​တော် !!! "

" ဟန်အာ...အပြင်မှာမိဖုရားနဲ့စကားသွား​ပြောရင်
  ​ပြောပါလား...ကိုယ်​တော်...အိမ်​ရှေ့စံနဲ့
  စကား​ပြောချင်လို့ "

​မှော်စွမ်းအားရှင်၏ဒိုင်ယာရီWhere stories live. Discover now