PART - 3

445 43 0
                                    

" ရန်အာ...ဒါ​တွေကဘာ​တွေလဲ ??? "

ကြင်ယာ​တော်၏လက်မှအ​ရောင်အဝါများ
​ခေတ္တခဏထွန်းလင်းလာကာပြန်ငြိမ်သွားသည်...

" ​အော်...အာ့ဒါ...ဒီတိုင်းစွမ်းအားပဲ​လေ... "

" ငါ့မှာစွမ်းအားရှိတာလား??? "

" ရန်အာလည်းသိပ်မသိဘူးရယ် ...
  အိမ်​ရှေ့စံကို​မေးကြည့်​လေ... "

" ငါက​မေးရဲမယ်လို့မင်းထင်လား "

" သိဘူး​လေ...ကြင်ယာ​တော်ကသူနဲ့​တောင်
  အိပ်ပြီးပြီပဲကို...မ​မေးရဲဘဲ​နေမလား "

" ငါကအသတ်ခံရမှာ​ကြောက်လို့သူ​ပြောတဲ့အတိုင်း
  ​နေတာ​လေ...ငါအသတ်​တော့မခံနိုင်​ပေါင် "

" ကြင်ယာ​တော်ည​နေစာစားဖို့ ရန်အာ
  သွားပြင်လိုက်ဦးမယ်​...ရှင်းအာကိုလာပြီး
  စကား​ပြောခိုင်းလိုက်မယ်​လေ... "

" အင်း...လာခိုင်းလိုက်​လေ "

" မလာခိုင်းတာပို​ကောင်းမယ်... ကြင်ယာ​တော်
  ​လျှောက်မသွားနဲ့​နော်...ရန်အာသွားပြီ... "

ရန်အာလည်းမြန်မြန်အခန်းထဲမှထွက်သွားကာ
တံခါးကိုပိတ်လိုက်​လေသည်...

" ဒီ​ကောင်​လေးဘာဖြစ်​နေတာလဲ
  မြန်မြန် မြန်မြန်နဲ့... "

* ​​ကျော​တောင်စိမ့်သွားတာပဲ ဟူးးးးးး "

" သူကအသတ်ခံရမှာစိုးလို့​နေမှာ​ပေါ့... "

ပြတင်း​ပေါက်ဖက်မှစကားသံကိုကြား၍
လှည့်ကြည့်လိုက်ရာ ကြင်ယာ​တော်
သတိလစ်မလို​တောင်ဖြစ်သွား​​လေသည်...

" အရှင်...အဲ...ယွဲ့အာ...တံခါးကဝင်လာလည်း
  ရတယ်​လေ...ဘာလို့ ပြ..ပြတင်း​​​ပေါက်က​နေ..."

" မင်းကိုသတ်မိမှာစိုးလို့​လေ... "
  { လူယုတ်မာအပြုံးဖြင့် }

ဟန်အာလည်းလန့်သွားကာချက်ချင်းပင်
ဒူး​ထောက်မိ​သွားသည်...

" ယွဲ့အာ... ဟန်အာ့ကိုမသတ်ပါနဲ့ ...
  ဟန်အာလိမ်လိမ်မာမာ​နေပါ့​မယ်​နော်...​နော် "

" မင်းကချစ်ဖို့​ကောင်းသားပဲ...အာ့လိုမျိုးဆို
  ငါအရမ်းမုန်းတာပဲ..."

​မှော်စွမ်းအားရှင်၏ဒိုင်ယာရီWhere stories live. Discover now