PART - 6

296 32 0
                                    

ကြင်ယာ​တော်၏နန်း​ဆောင်......

" ဒီ​နေ့မြို့​တော်ထဲမှာပွဲ​တော်ရှိတယ်လို့ ရှင်းအာ
  ကြားထားတယ် ကြင်ယာ​တော်သွားလည်ချင်လား "

" သွားလည်ချင်တာ​ပေါ့...ဒါ​ပေမယ့်ငါ့ကို
  အပြင်ထွက်ခွင့်ပိတ်ထားတယ်​လေ... "

" ရှင်းအာတို့ခိုးထွက်ကြတာ​ပေါ့...ဘယ်လိုလဲ "

" ရတာ​ပေါ့...ယွဲ့အာလည်းခရီးသွားတယ်ဆို​တော့
  သွားလို့ရ​လောက်တယ် "

" အင်းအင်း..."

" ဒါဆိုငါတို့အဝတ်အစားလဲကြတာ​ပေါ့ "
..........................................

နဂါးဝိဥာဥ်ပွဲ​တော်......
နဂါးဝိဥာဥ်စတင်​ပေါ်​ပေါက်လာသည့်​နေ့...

တိုင်းပြည်များအား​ဘေးအန္တရာယ်ကျ​ရောက်ခြင်းမှ
ကိုယ့်အသက်​ပေး၍ကာကွယ်​ပေး​သောသူများ
စတင်​ပေါ်​​ပေါက်လာသည့်​နေ့...

ဟန်အာ၏မူလခန္ဓါကိုယ်ပိုင်ရှင်ကလည်း
ထိုလူများထဲမှတစ်​ယောက်ဖြစ်သည်...

နဂါးဝိဥာဥ်ဟာ နှစ် 500 မှ တစ်ခါသာ​
ပေါ်​ပေါက်လာတတ်သည်...

ထိုအချိန်အတွင်းတိုင်းပြည်အ​ပေါ်ကျ​ရောက်မည့်အန္တရာယ်များကိုမိမိအသက်စ​တေးခံ၍
ကာကွယ်ကြသည်...ဝူလျို လိုမ​ကောင်းဆိုးဝါး​​
ပေါ်​ပေါက်တတ်တဲ့အချိန်အခါမျိုး​ပေါ့...

ဒါ​ပေမယ့်အခုဟန်အာက​တော့
ဘာဆိုဘာမှမသိ...​ပျော်​ပျော်သာ​နေ​​နေ​သည်...

..........................................

နဂါးဝိဥာဥ်ပွဲ​တော်ကျင်းပရာမြို့​တော်ထဲ၌......

" ဝါးးးအရမ်းလှတာပဲ...ဒီလိုပွဲ​တော်​တွေ
  လိုက်မကြည့်မိတာကြာပြီ "

" ရှင်းအာတို့ထွက်လာတာမှန်သွားပြီထင်တယ်... "

" ပိုက်ဆံ​တွေယူလာခဲ့ရဲ့လား...
  ပြီးမှအပြစ်​ပေးခံ​တော့မယ်...ခုက​တော့
  ​ပျော်ချင်သ​လောက်​ပျော်ရ​အောင်

  ရှင်းအာ...ငါတို့အပြင်ထွက်တာ
  မှန်​လောက်ပါတယ်​နော်..."

" အရှင်ကကြင်ယာ​တော်ကိုချစ်တာပဲကို
  အပြစ်​ပေးခံရရင်ရှင်းအာပဲခံရမှာ "

​မှော်စွမ်းအားရှင်၏ဒိုင်ယာရီWhere stories live. Discover now