မှူးထက်လေး နေကောင်းသွားတော့ ကတိပေးထားသည့်အတိုင်း အပြင်ကို လိုက်ပို့ဖို့ အချိန်တိုင်း ပူဆာတော့သည်။ ကျောင်းအားလပ်ရက်ရောက်မှသာ သွားမည်ဟု ပြန်ပြောလိုက်တော့ နေ့တိုင်းလိုလို သွားဖို့ကို သတိပေးနေတော့သည်။
အခုလည်း အားလုံးထဲမှာ အတတ်ကြွဆုံးက မှူးထက်လေးပင်။ များများစားစား မယူသွားချင်ပေမယ့် ပျော်ပွဲစားလို ဖြစ်ချင်တာမို့ အစားအစာနည်းနည်းပါးပါး လုပ်သွားရသည်။
"မှူးထက်ရေ ပါးပါးဆီလာ၊ ဘာတွေထည့်နေတာလဲ သားရဲ့"
"ဒီမှာလေ ပူစီးဖောင်းမှုတ်တာလေး ဒယ်ဒီဝယ်ပေးထားတာ ေမ့ခဲ့မှာစိုးလို့ လွယ်အိတ်ထဲ ထည့်နေတာ"
ကြည့်လို်က်တော့အပြင်သွားရင် ပစည်းနည်းနည်းပါးပါးသာ ထည့်လို့ရတဲ့ ကျောပိုးအိတ်လေးထဲ ပူဖောင်းမှုတ်လို့ရတဲ့ ဘူးလေးနဲ့ ဆပ်ပြာရည်ဗူးလေးကို သေချာထည့်နေသည်။ လွယ်အိတ်က သေးသေးလေးမို့ လွယ်လိုက်ရင် မှူးထက်လေးနဲ့ တသားတည်း ဖြစ်သွားသည်။
"ပါးပါးဆီ လာဉီး အဝတ်လဲရမယ်လေ"
"လာပြီ ပါးပါး"
လွတ်အိတ်လေးကို လွှတ်ချပြီး ပြေးလာတဲ့ မှူးထက်လေးအား အဝတ်လဲရန် ပြင်ပေးရတော့သည်။ ပြီးနောက် ခြေအိတ်လေးတွေပါ ဝတ်ပေးကာ ဉီးထုပ်ကလေးပါ ဆောင်းပေးလိုက်သည်။
"ပါးပါး ဒယ်ဒီရော"
"ဒယ်ဒီက ယူသွားမယ့် ပစည်းတွေ ကားထဲ ထည့်နေတယ် သားရဲ့၊ လာဉီး ပါးပါး ခေါင်းဖြီးပေးမယ်"
"ပြီးရင် ဒယ်ဒီ့ဆီသွားတော့မယ်"
"သွားပါဗျာ"
မှူးထက်လေးအား သုဆီ လွှတ်လိုက်တော့ လွယ်အိတ်လေးလွယ်ကာ လှုပ်တုတ်လှုပ်တုတ်နဲ့ ထွက်သွားလေသည်။ သန့်မှူးကတော့ အခန်းထဲမှာ ပစည်းတွေ ယူစရာရှိတာ ယူပြီးနောက် အောက်ထပ် ဆင်းလာတော့သည်။
အောက်ထပ်ရောက်တော့ သုခက မှူးထက်လေးကို အပေါ်သို့ မြှောက်တင်ကာ ဆော့နေသည်။
"ကိုကို ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ"
"မကျပါဘူး ကလေးငယ်ရဲ့၊ ဘယ်လိုလဲ သား ပျော်တယ်မလား"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ